Wednesday, February 28, 2018

၁၄ နှစ်တာအငွေ့ အသက်တွေကို ပထမဆုံးတစ်ကိုယ်တော် ခွေမှာ တွေ့မြင်ရမယ်ဆိုတဲ့ ရေဗက္ကဝင်း

Image may contain: 2 people
အတွဲခွေပေါင်းများစွာ ထွက်ရှိခဲ့ပြီဖြစ်သော်လည်းတစ်ကိုယ် တော်ခွေအနေဖြင့် ဂီတသက်တမ်း ၁၄ နှစ်နီးပါးကြာမှ ထွက်ရှိခဲ့ သည့် တေးသံရှင်ရေဗက္ကဝင်းကပထမဆုံး တစ်ကိုယ် တော်ခွေတွင် သူဖြတ်သန်းခဲ့သည့် ၁၄ နှစ်တာ အငွေ့အသက်များကို ခံစားရ မည်ဖြစ်ကြောင်းပြောသည်။
''ရေဗက္ကရဲ့တစ်ကိုယ်တော် ခွေလေးကိုကချင်နာမည် "ru" (Maka)လို့ပေးထားဖြစ်တဲ့ အဓိပ္ပာယ်က အလွန်ကိုလေးနက်ပါ တယ်၊ အဓိပ္ပာယ်အမျိုးမျိုးဖွင့် ဆိုလို့ရတယ်၊ အဓိပ္ပာယ်ကတော့ ရေဗက္ကဝင်းရဲ့ပုံရိပ်၊ ရေဗက္ကဝင်းရဲ့ အရောင်အဆင်း၊ ရေဗက္ကဝင်း ရဲ့ ပုံသဏ္ဌာန်၊ အငွေ့အသက်သဘော မျိုးလေးနဲ့ ပေးထားတာပါ၊ ရေဗက္ကဂီတသက်တမ်းဆယ့်လေးနှစ်ရှိပါပြီ၊ တစ်ခါမှ တစ်ကိုယ် တော်ခွေ မထွက်ဖူးပါဘူး၊ အတွဲခွေထဲမှာပဲပါဝင်ခဲ့တယ်၊ အဲဒါ ကြောင့် ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ်အနေနဲ့ ကိုယ့်လူမျိုး ရဲ့ ဂီတ၊ စာပေ၊ ယဉ်ကျေးမှုပုံစံအရာအားလုံးကို ကျန်တဲ့ တိုင်းရင်း သားတွေ အားလုံးနဲ့ မျှဝေခံစားချင်တာကြောင့်လုပ်ဖြစ် ခဲ့တာပါ၊ ရေဗက္ကဖြတ်သန်းခဲ့တဲ့ ၁၄ နှစ်တာအငွေ့အသက်တွေ ဒီ အခွေထဲ မှာ တွေ့မြင်ရမှာပါ'' ဟု ယင်းကဆိုသည်။
၎င်းအနေဖြင့် အဆိုပါ အယ်လ်ဘမ်ကို အကျိုးအမြတ် အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းမျိုးမဟုတ်ဘဲ ပရိသတ်ဆီမှ ချစ်ခြင်း မေတ္တာရရှိရန်သာမျှော်လင့်မိကြောင်း တေးသံရှင် ရေဗက္ကဝင်းက ထပ်မံပြောဆိုသည်။ ''ရေဗက္က ဒီအခွေလေးကို အကျိုးအမြတ် အတွက်လုပ်ခဲ့တာမဟုတ်ပါဘူး၊ ရေဗက္ကဖြစ်ချင်တဲ့ ဆန္ဒလေး တစ်ခုကို အကောင်အထည်ဖော်ပြီး ပရိသတ်ကို ပေးဆပ်ချင် တဲ့စိတ်နဲ့ လုပ်ထားတာဖြစ်တဲ့အတွက် ပရိသတ်ဆီက ပြန်လိုချင်တဲ့အရာကတော့ ချစ်ခင်အားပေးမှုနဲ့ အသိအမှတ်ပြု မှုပါပဲ''ဟု ပြောသည်။ ကချင်ဘာသာစကားဖြင့် သီဆိုထားသည့် "ru" အယ်လ်ဘမ်တွင် ကချင်တေးရေးဆရာများရေးသားပေးထားသည့် တေးသီချင်းစုစုပေါင်း ၁၁ ပုဒ် ပါဝင်ကာ ယခုလ ၁၂ ရက်ကMTV အနေဖြင့် ထွက်ရှိထား ကြောင်း သိရသည်။
ဌေးမမ

No comments:

Post a Comment