Wednesday, February 28, 2018

ပီအက်စ်ဂျီနှင့် ရီးယဲလ်မက်ဒရစ်ပွဲစဉ်တိုက်စစ်မှူး နေမာ လွဲချော်မည်

Image may contain: 1 person, playing a sport and text
ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်းမှ တိုက်စစ်မှူး နေမာသည် ဒဏ်ရာပြဿနာ ကြုံတွေ့နေခြင်းကြောင့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ပါဝင်လာမည်မဟုတ်ကြောင်း သိရသည်။
အသက် ၂၆ နှစ်အရွယ်ရှိ ဘရာဇီးတိုက်စစ်မှူး နေမာသည် တနင်္ဂနွေနေ့က မာဆေးလ် အသင်းအား အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ တိုက်စစ်မှူး နေမာသည် ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ဘာစီလိုနာအသင်းမှ ပီအက်စ်ဂျီအသင်းသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂ဝဝ ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိတွင် ပီအက်စ်ဂျီအသင်း နှင့်အတူ ပွဲပေါင်း ၃ဝ ကစားပေးခဲ့ရာတွင် သွင်းဂိုး ၂၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း လည်း သိရသည်။
တိုက်စစ်မှူး နေမာသည် ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ ဘာစီလိုနာအသင်းတွင် ကစားခဲ့ရာတွင် ပွဲပေါင်း ၁၂၃ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၆၈ ဂိုးအထိ သွင်းယူပေး နိုင်ခဲ့ခြင်းကြောင့် ပြင်သစ်ပထမတန်းပြိုင်ပွဲတွင် ငွေကြေးပုံအောကာ သုံးစွဲနိုင်စွမ်းရှိသည့် ပီအက်စ်ဂျီအသင်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ပီအက်စ်ဂျီအသင်းသည် လက်ရှိတွင် ပြင်သစ်ပထမတန်းပြိုင်ပွဲတွင်လည်း အမှတ်ပေး ဇယား၏ ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည့် မိုနာကိုအသင်းကို ၁၄ မှတ်အကွာဖြင့် ဦးဆောင်လျက်ရှိကြောင်း သိရသည်။
ငွေကြယ်

No comments:

Post a Comment