Wednesday, February 28, 2018

မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်

Image may contain: one or more people, people standing and outdoor
တပ်ကုန်း ဖေဖော်ဝါရီ ၂၇
နေပြည်တော် တပ်ကုန်းမြို့နယ် ကျားသေအိုင်ကျေးရွာအုပ်စု ကျားသေအိုင်ကျေးရွာ၌ ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၄ နာရီခန့်က ဦးညိုပြုံး၏နေအိမ် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၄x၃)ပင် မီးလောင်ခဲ့ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစနေထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် နှစ်စီးနှင့်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင် များနှင့် ကျေးရွာပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ရာ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
ဖြစ်စဉ်တွင် ဦးညိုပြုံး၏ မိသားစုများ လှည်းငှား လိုက်သွားနေစဉ် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်တစ်လုံး လောင်ကျွမ်း ဆုံးရှုံးခဲ့ပြီး ၎င်းအိမ်နှင့်ကပ်လျက် ညီမဖြစ်သူ ဒေါ်ကြည်သိန်း၏ နေအိမ် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၄x၃)ပင်တွင် ခေါင်းရင်းပိုင်းထရံအား မီးလောင်ခံခဲ့ရ ကြောင်း သိရသည်။
တင်စိုးလွင် (ပြန်/ဆက်)

No comments:

Post a Comment