Wednesday, February 28, 2018

နွေရာသီအားကစားသင်တန်းသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ ၄ဝဝ ခန့် တက်ရောက်

Image may contain: 1 person, crowd
မကွေး ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂ဝ၁၈ ခုနှစ် နွေရာသီအခြေခံ
အားကစား သင်တန်းကို ဖေဖော်ဝါရီ ၂၇ ရက်မှ
မတ် ၁၂ ရက်ထိ စတင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်
ပြီး သင်တန်းအမျိုးအစား ၁ဝ မျိုးတွင် သင်ကြား
ရန် အခြေခံပညာကျောင်းများမှ ကျောင်းသား
ကျောင်းသူ သင်တန်းသား ၃၉၉ ဦး စာရင်းပေး
ထားကြောင်း သိရသည်။
သင်တန်းအမျိုးအစားများတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကရာတေးဒို၊
ကြက်တောင်၊ စားပွဲတင် တင်းနစ်၊ ခရစ်ကတ်၊
ပြေးခုန်ပစ်၊ ဂျူဒိုနှင့် အလေးမတို့ပါဝင်ပြီး မိုးလုံ
လေလုံ တိုင်းဒေသကြီး အားကစားခန်းမနှင့် တိုင်း
ဒေသကြီး အားကစားကွင်းတို့တွင် နံနက်၊ ညနေ
နှစ်ချိန်ခွဲ၍ တစ်ရက်ငါးနာရီကြာ သင်ကြားပေး လျက်ရှိသည်။
''နှစ်စဉ်နှစ်တိုင်းဖွင့်နေတဲ့ သင်တန်းတွေပါ။ ကာယ၊ ဥာဏ၊ စာရိတ္တဘက်စုံ သဟဇာတဖြစ်ဖြစ်
ဖွံ့ဖြိုးတိုးတက်ဖို့၊ အားကစားလုပ်ပြီး ကျန်းမာ
ကြံ့ခိုင်ဖို့၊ ဦးနှောက်ဥာဏ်ရွှင်လန်းဖို့ ဒါကိုအဓိက
ထားပြီး လုပ်နေတာပါ။ တစ်မျိုးသားလုံး ကျန်းမာ
ကြံ့ခိုင်ဖို့အတွက် ဒီကလေးတွေကို အားကစားနဲ့ ပတ်သက်တဲ့ပိုး သွင်းပေးလိုက်တဲ့သဘောပါ။ နွေရာသီအားလပ်ရက်မှာ ကလေးတွေ အကျိုး
ရှိရှိအချိန်ကုန်ဆုံးနိုင်အောင် သင်ပြပေးသွားမှာ ပါ'' ဟု မကွေးတိုင်းဒေသကြီး အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးထွဋ်က ပြောကြား သည်။
သင်တန်းသားများအတွက် အားကစားပစ္စည်း၊
ဝတ်စုံနှင့် သင်တန်းနည်းပြ ထောက်ပံ့မှုတို့အတွက်
ငွေကျပ်သိန်း ၂ဝ ကျော်သုံးစွဲသွားမည်ဖြစ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်မှ ငွေချ
ပေးထားကြောင်း ညွှန်ကြားရေးမှူး ဦးအေးထွဋ် ထံမှ သိရသည်။
လတ်တလောတွင် ဘောလုံးနှင့် ကရာတေးဒို
အားကစားနည်းတို့အား သင်ကြားလိုသူများပြား လျက်ရှိကာ သမီးရှင်မိဘများက ကရာတေးဒို သင်တန်းတက်ရန် အားပေးမှုများရှိနေကြောင်း သိရသည်။
ဇေယျတု(မကွေး)

No comments:

Post a Comment