Monday, February 5, 2018

ဖာပွန်၌ တောင်သူပညာပေးဆွေးနွေး

Image may contain: one or more people
ဖာပွန် ဖေဖော်ဝါရီ ၎
ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝှေမှုံကျေးရွာ ကမ်းနီဘုန်းတော်ကြီးကျောင်း၌ သီးနှံ ၁၅ မျိုး၏GAP စနစ် စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများအား နည်းပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီ နောက်ဆုံးပတ်ကကျင်းပခဲ့ရာ ဖာပွန် ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးသက်ဆွေက တောင်သူများအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ဝှေမှုံကျေးရွာ ကမ်းနီဆရာတော် ဦးစီးဆောင်ရွက်နေသည့် စေတီတော်ပြုပြင်ခြင်းလုပ်ငန်းအတွက် စိုက်ပျိုးရေးဦးစီးဌာန ညွန်ကြားရေး မှူးချုပ် ဦးရဲတင့်ထွန်းမှ လှူဒါန်းသည့် ဘိလပ်မြေအိတ် ၁ဝဝ ကို ညွှန်ကြား ရေးမှူးချုပ်ကိုယ်စား ဦးသက်ဆွေက ဆရာတော်ထံ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အေးမျိုး(ပြန်/ဆက်)

No comments:

Post a Comment