Monday, February 26, 2018

ရက်ရှ်ဖို့ဒ် မန်ယူတွင်သာ ဆက်နေသင့်ဟု ဂယ်ရီနီဗီးလ် တိုက်တွန်း

Image may contain: 1 person, playing a sport, shoes and outdoor
မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေဖြင့် လတ်တလောအနေ အထားအရ ပွဲထွက်ခွင့် ပျောက်ဆုံးနေသော်လည်း အနာဂတ်ကိစ္စရပ်အပေါ် အလောတကြီး ဆုံးဖြတ်ခြင်းထက် မန်ယူတွင်သာ ဆက်နေသွားရန် တိုက်တွန်းထားကြောင်း သိရသည်။ ရက်ရှ်ဖို့ဒ်သည် ဒီဇင်ဘာလက မန်ယူအတွက် နောက်ဆုံးပွဲထွက်ခွင့်ရခြင်းဖြစ်ကာ မန်ယူသို့ ဆန်းချက်ဇ် ရောက်ရှိလာကတည်းက ပွဲထွက်ခွင့်ပျောက်ဆုံးနေသူဖြစ် သည်။ နည်းပြမော်ရင်ဟိုက လူကာကူ၊ ဆန်းချက်ဇ်၊ မာရှယ်လ်၊ မာတစ်တို့အတွဲကို တိုက်စစ်ပိုင်းတွင် အသုံးပြု နေရာ ရက်ရှ်ဖို့ဒ်မှာ အရန်ခုံတွင် အချိန်ကုန်နေရခြင်းဖြစ် သည်။
ထို့ကြောင့် သီယာရီအွန်နရီနှင့်‘ဒန်းနစ်ဝိုက်စ်တို့က ရက်ရှ်ဖို့ဒ်အနေဖြင့် အနာဂတ်ကိစ္စရပ်ကိုဆုံးဖြတ်သွားရန် လိုအပ်နေပြီဖြစ်ကြောင်း တိုက်တွန်းထားချိန်တွင် ဂယ်ရီ နဗီးလ်က ယင်းမှာဖြစ်ရိုး ဖြစ်စဉ်အနေအထားသာဖြစ်သည် ဟု ဆိုခဲ့ပြီး ''မားကပ်စ်ရက်ရှ်ဖို့ဒ် မန်ယူကနေ ဘာလို့ခွာမှာ လဲ။ မန်ယူဘက်ကလည်း သူ့ကိုဘယ်လိုလုပ်ထွက်ခွာခွင့်ပေးမလဲ။ မဖြစ်နိုင်ပါဘူး။ သူ့အနေနဲ့ အသင်းကထွက်ခွာသင့်တယ်လို့ပြောတာတွေက အဓိပ္ပာယ်မရှိတဲ့အမြင်တွေပါ။ ဒါက အမှိုက်တွေလိုပဲ''ဟု မန်းသတင်းဌာနသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟိုက ရက်ရှ်ဖို့ဒ်အနေဖြင့် ဆန်းချက်ဇ်ဆီမှ သင်ယူစရာများစွာရှိလိမ့်မည်ဟု ပြောကြားထားဖူးသည်။ မော်ရင်ဟိုသည် လတ်တလောတွင် ကွင်းလယ်လူ ပေါ့ဘာ နှင့်လည်း ဆက်ဆံရေး မပြေမလည်ဖြစ်နေပြီး မော်ရင်ဟို သာ မန်ယူအသင်းကို ဆက်လက်ကိုင်တွယ်မည် သေချာပါက လာမည့် နွေဈေးကွက်တွင် မန်ယူမှ ပေါ့ဘာထွက်ခွာ တော့မည်ဖြစ်ကြောင်း သတင်းများထွက်နေသည်။
ဂယ်ရီနဗီးလ်သည် ၉၂ အကယ်ဒမီမှ ပေါ်ထွန်းလာ သည့် ကြယ်ပွင့်ကစားသမား တစ်ဦးဖြစ်ပြီး ကလေးငယ်တိုင်း ၏ မိဘများကမန်ယူအသင်းသို့ သွားရောက်ပူးပေါင်းရန်တိုက်တွန်းကြမည်ဖြစ်ကြောင်းလည်း သူ၏ အမြင်ကို ပြောကြားခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment