Monday, February 26, 2018

မန်စီးတီး ပရိသတ်များ၏ မှားယွင်းမှုကို ထုတ်ဖော်ပြောကြားလိုက်သည့် ဇင်ချန်ကို

Image may contain: 2 people, people smiling, outdoor
မန်စီးတီးပရိသတ်တွေဟာ သူ့ကိုမြင်ရင်အသင်းရဲ့ စူပါစတားကစားသမား ကီဗင် ဒီဘရိုင်းနဲ့ မှားယွင်းတတ်ကြပေမယ့် သူက ပိုကြည့်ကောင်းပါတယ်လို့ ဟာသနှောပြီး ပြောကြားခဲ့ပါတယ်။ အသက်(၂၁)နှစ်အရွယ် ဇင်ချန်ကိုရဲ့ဆံပင်၊ အသားအရေဟာ ကီဗင်ဒီဘရိုင်းနဲ့ တူတာကြောင့် ရုတ်တရက်ကြည့်လိုက်ရင် သူ့ကို ဒီဘရိုင်းလို့ ပရိသတ် တွေက မှားယွင်းတတ်ကြတာဖြစ်ပါတယ်။
ဇင်ချန်ကိုက ''သူတို့ကကျွန်တော့်ကို ယုံကြည်တယ်ဆိုတာ အမြဲကြားနေရပါတယ်။ လူတိုင်းက ကျွန်တော့်ကို ကီဗ်လို့ ခေါ်တတ်ကြတယ်။ ဘတ်စ်ကားစီးသွားရင် ပရိသတ် တွေက ကိဗ်ရေ ကျွန်တော်နဲ့ ဓာတ်ပုံတစ်ပုံလောက် တွဲရိုက်ပေးပါလားဗျာလို့ တောင်းဆို တတ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်က သူ့ထက်ပိုကြည့်ကောင်းတယ်ဆိုတာ သေချာ တာပေါ့ဗျာ''လို့ တယ်လီဂရပ်သတင်းဌာနသို့ ဟာသနှောပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နွေဈေးကွက်က ခေါ်ယူခဲ့တဲ့ မန်ဒီး ဒူးဒဏ်ရာကြောင့် ကာလကြာရှည် အနားယူခဲ့ရပြီးနောက်မှာ ဇင်ချန်ကိုဟာ ဂွါဒီယိုလာရဲ့အစီအစဉ်မှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဇင်ချန်ကိုဟာ ယခုနှစ်ဘောလုံးရာသီမှာမန်စီးတီးအတွက် ကိုးပွဲကစားခွင့် ရရှိထားပြီး သူနောက်ဆုံး ကစားခဲ့တဲ့ပွဲဟာ လွန်ခဲ့တဲ့နှစ်ပတ်က ယှဉ်ပြိုင်ခဲ့တဲ့ လက်စတာ နဲ့ ပွဲစဉ်ဖြစ်ပါတယ်။
မေလဲ့သင်း

No comments:

Post a Comment