Monday, February 26, 2018

AFC Cup ပြိုင်ပွဲဝင်အသင်းများ၏ ပြင်ဆင်ထားမှု AFC မှ တာဝန်ရှိသူများ လာရောက်စစ်ဆေး

Image may contain: 5 people, outdoor
နေပြည်တော် ဖေဖော်ဝါရီ ၂၅
အာရှဘောလုံးအဖွဲ့ချုပ်(AFC )မှ ကိုယ်စားလှယ်အဖွဲ့သည် ကလပ်လိုင်စင် ကိစ္စရပ်များနှင့် ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်ရန် ယမန်နေ့က မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအား သွားရောက်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။
Mr. Joren နှင့်Mr. Marcel တို့ပါဝင်သည့် AFC Club Licensing Compliance Audit အဖွဲ့နှင့်အတူ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ Club Licensing နှင့် ပတ်သက်သည့် ပဏာမ စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်(ဂိုး)နှင့် အဖွဲ့ဝင် ဦးဇော်မင်းစိန်၊ ဦးမြင့်ဦးနှင့် မြန်မာနေရှင်နယ်လိဂ် ကလပ်လိုင်စင် မန်နေဂျာ ဦးမိုးသွင်းထွန်းတို့က ပုလဲမြို့သစ်ရှိ ရှမ်းယူနိုက်တက်အသင်း ရုံးခန်း၌ ကလပ်လိုင်စင်နှင့် ပတ်သက်၍ ဖြည့်ဆည်းထားမှုများ၊ ဘဏ္ဍာရေး အခြေအနေ စသည်တို့ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး လေ့ကျင့်ရေးကွင်းနှင့် ကစားသမားအဆောင် အစရှိသည့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းထားမှုကို ဆက်လက်ကြည့်ရှုကြသည်။
အဆိုပါအဖွဲ့သည် ယနေ့တွင် Yangon United Sports Complex သို့ သွားရောက်ပြီး ကလပ်လိုင်စင်နှင့်ပတ်သက်၍ ဖြည့်ဆည်းထားမှုများ၊ ဘဏ္ဍာရေးအခြေအနေ၊ အခြေခံအဆောက် အအုံများ အစရှိသည်တို့ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်း အထွေထွေ မန်နေဂျာ ဦးစောခရစ်ယာန်လောနှင့် အသင်းတာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြသည်။
ယင်းနောက် စစ်ဆေးရေးအဖွဲ့သည် AFC Cup အုပ်စုပွဲစဉ်များကို လက်ခံကျင်းပရာ သုဝဏ္ဏကွင်းသို့ရောက်ရှိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဘေးရှိ မြက်ခင်းတုကွင်း၌ ကျင်းပလျက်ရှိသည့် MPT-University Football Tournament 2018 Opening Ceremony သို့ သွားရောက်ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်အား တွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment