Monday, February 5, 2018

ဂျာမနီ စက်မှုလုပ်သားများ ဆန္ဒပြကြသဖြင့်မော်တော်ယာဉ်ထုတ်လုပ်ရေး စက်ရုံများ လုပ်ငန်းရပ်ဆိုင်း

Image may contain: car and outdoor
ဖရန့်ဖတ် ဖေဖော်ဝါရီ ၎
ဂျာမနီနိုင်ငံ၌ စက်မှုလုပ်သားများက ၂၄ နာရီဆန္ဒပြမှုကို တတိယမြောက်နေ့အဖြစ် ဆက်လက်ပြုလုပ်ရာ နိုင်ငံ တစ်ဝန်းရှိ မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံများတွင် လုပ်ငန်းများ ရပ်ဆိုင်းနေရကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများက သတင်းထုတ်ပြန်သည်။
ဥရောပတိုက်၌ စီးပွားရေးအရ အင်အားအကြီးဆုံး နိုင်ငံဖြစ်သော ဂျာမနီနိုင်ငံရှိ အကြီးဆုံးသော အလုပ်သမား သမဂ္ဂဖြစ်သော အိုင်ဂျီသတ္တုလုပ်ငန်း အလုပ်သမားများ သမဂ္ဂက သတ္တုလုပ်ငန်းနှင့် အင်ဂျင်နီယာလုပ်ငန်း ကဏ္ဍရှိ အလုပ်သမား ၃ ဒသမ ၉ သန်းအတွက် လုပ်ခလစာ တိုးပေးရန် တောင်းဆိုလျက်ရှိသည်။
မိမိတို့၏ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ သို့မဟုတ် နာမကျန်းသူ ဆွေမျိုးသားချင်းများအား ပြုစုစောင့်ရှောက်ပေးနိုင်ရေးအတွက် ရက်သတ္တပတ် အလုပ်ချိန်ကို လက်ရှိ ၃၅ နာရီမှ ၂၈ နာရီသို့ လျှော့ချ ပေးရန်လည်း အလုပ်သမားများက တောင်းဆိုသင့်သည်ဟု အဆိုပါ အလုပ်သမားသမဂ္ဂက ပြောကြားသည်။
စက်ရုံများမှ အလုပ်သမားများ ထွက်ခွာသွားခြင်းဖြင့် ဆန္ဒပြမှု အစီအစဉ်ကို ရက်တိုးရန် သင့်၊ မသင့် အလုပ် သမားသမဂ္ဂက မဲခွဲဆုံးဖြတ်ရန် ရှိနေစဉ် တတိယ မြောက်နေ့အဖြစ် ဆန္ဒပြမှုကို ဖေဖော်ဝါရီ ၃ ရက်က ဆက်လက်ပြုလုပ်ခဲ့သည်။ အလုပ်သမားများ ဆန္ဒပြခြင်း ဖြင့် ကုန်ထုတ်လုပ်မှု ထိခိုက်ကာ ယူရိုငွေ သန်းရာပေါင်း များစွာ ဆုံးရှုံးနစ်နာရနိုင်ပုံကို ဆန္ဒပြပွဲက ဖော်ညွှန်းလျက် ရှိသည်။
ဖေဖော်ဝါရီ ၅ ရက်တွင် အလုပ်ရှင်များနှင့် အလုပ် သမားသမဂ္ဂခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြရန် လမ်းဖွင့်ပေးထားသည်ဟု နှစ်ဖက်စလုံးက ပြောကြားကြ သည်။ သို့ရာတွင် အပေးအယူအလိုက်အလျောရှိမှသာလျှင် ဆွေးနွေးပွဲ အောင်မြင်နိုင်မည်ဟုလည်း နှစ်ဖက်တာဝန်ရှိ သူများက ပြောကြားကြသည်။
လုပ်ခလစာ ၆ ဒသမ ၈ ရာခိုင်နှုန်းတိုးမြှင့်ပေးရန် အလုပ်ရှင်များက ကမ်းလှမ်းခဲ့ကြသော်လည်း ရက် သတ္တပတ် အလုပ်ချိန်နာရီ လျှော့ချပေးရေးအချက်ကို ပယ်ချခဲ့ကြသည်။
ယခုရက်သတ္တပတ်အတွင်း သုံးရက်ကြာဆန္ဒပြပွဲတွင် စက်မှုအလုပ်သမားများ ၅ဝဝဝဝဝခန့် ပါဝင်ဆင်နွှဲခဲ့ကြ သည်။
ရိုက်တာ

No comments:

Post a Comment