Monday, February 5, 2018

ဆီးရီးယား၌ စစ်လေယာဉ် ပစ်ချခံရ၊ ရုရှားလေယာဉ်မှူး သေဆုံး

Image may contain: fire, tree, outdoor and nature
မော်စကို ဖေဖော်ဝါရီ ၎
ဆီးရီးယားနိုင်ငံ အာဘီးလ်ပြည်နယ်၌ ရုရှားစစ်လေယာဉ်တစ်စင်းကို စစ်သွေးကြွတို့က ဒုံးကျည်ဖြင့် ပစ်ချခဲ့ရာ လေယာဉ်ပျက်ကျသွားပြီး လေယာဉ်မှူးတစ်ဦး သေဆုံးသွားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
အာဘီးလ်ပြည်နယ်၌ အက်စ်ယူ-၂၅ အမျိုးအစား ရုရှားလေယာဉ်တစ်စင်း ပစ်ချခံခဲ့ရကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ကနဦးစုံစမ်းစစ်ဆေးမှုအရ ယင်းလေယာဉ်သည် ပခုံးထမ်းပစ်ခတ်နိုင်သော လေယာဉ်ပစ်ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လေယာဉ်ပစ်ခတ်ခံရပြီးနောက် လေယာဉ်မှူးမှာ လေထီးဖြင့် ခုန်ထွက်လွတ်မြောက်ရန် ကြိုးပမ်းခဲ့သော်လည်း သေဆုံးသွားကြောင်း၊ ယင်းနေရာသည် နူဆာရာစစ်သွေးကြွများ ထိန်းချုပ်ရာဒေသဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။
ရုရှားလေယာဉ်မှူး၏ရုပ်ကြွင်းကို ပြန်လည်ပေးအပ်နိုင်ရန် တူရကီစစ်ဘက်က ကြိုးပမ်းလျက်ရှိသည်။
ဆင်ဟွာ

No comments:

Post a Comment