Sunday, February 4, 2018

ဂါဇာတောင်ပိုင်းရှိ ဟားမားစ်အဖွဲ့ပစ်မှတ်နှစ်ခုအား အစ္စရေးလေတပ်မှလေယာဉ်များ ပစ်ခတ်တိုက်ခိုက်

Image may contain: sky and outdoor
ဂျေရုဆလင် ဖေဖော်ဝါရီ ၃
ဇန်နဝါရီ ၃ ရက် နံနက်အစောပိုင်းတွင် ဂါဇာကမ်းမြောင် ဒေသရှိ ဟားမားစ်အဖွဲ့၏ စစ်ဘက်ဆိုင်ရာ အဆောက် အအုံနှစ်ခုအား အစ္စရေးလေတပ်မှ ဂျက်တိုက်လေယာဉ် များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယနေ့ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။
ဇန်နဝါရီ ၂ ရက် ညနေပိုင်းကာလအတွင်းက အစ္စရေးနိုင်ငံ တောင်ဘက်ပိုင်းဒေသတွင်းသို့ ဂါဇာကမ်း မြောင်ဒေသတွင်းမှ ဒုံးပစ်လောင်ချာများဖြင့် ပစ်ခတ်မှု အပေါ်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးလေတပ်မှ ဂျက် တိုက်လေယာဉ်များက တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(အိုင်ဒီအက်ဖ်)က ပြောကြား သည်။
ဂါဇာကမ်းမြောင်ဒေသတွင်းမှ အစ္စရေးနိုင်ငံတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး နာရီအနည်း ငယ်အကြာတွင် အစ္စရေးလေတပ်မှ လက်တုံ့ပြန်တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဂါဇာကမ်းမြောင်ဒေသတွင်းမှ အစ္စရေးနိုင်ငံ ပိုင်နက်အတွင်းသို့ ဒုံးကျည်များပစ်လွှတ်တိုက်ခိုက်ခဲ့ရာတွင် ထိခိုက်သေကျေပျက်စီးမှုသတင်းများ ထွက်ပေါ်ခဲ့ခြင်းမရှိပေ။
ဇန်နဝါရီ ၂ ရက် နံနက်အစောပိုင်းတွင် အစ္စရေး လေတပ်မှ ဂျက်တိုက်လေယာဉ်များက ဂါဇာကမ်းမြောင် မြောင်ပိုင်းဒေသရှိ ဟားမားစ်အဖွဲ့၏စောင့်ကြည့်လေ့လာ ရေးစခန်းများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ ယင်း သို့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမှာ ဂါဇာကမ်းမြောင်ဒေသတွင်းမှ အစ္စရေးနိုင်ငံတောင်ပိုင်းဒေသသို့ ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်မှုနှင့်ဆက်နွှယ်၍ဖြစ်ကြောင်း အစ္စရေးကာကွယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြ သည်။
အစ္စရေးနှင့် ဟားမားစ်အဖွဲ့တို့အကြား လွန်ခဲ့သည့် တစ်လတာအတွင်းက ဆက်စပ်ဖြစ်ပွားခဲ့သော တင်းမာမှု များနှင့်စပ်လျဉ်း၍ ဟားမားစ်အဖွဲ့၏ ဒုံးကျည်ပစ်ခတ်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလဆန်းပိုင်း ရက်များအတွင်းက ဂါဇာကမ်းမြောင်ဒေသတွင်းမှ အစ္စရေး နိုင်ငံတောင်ဘက်ပိုင်းအတွင်းသို့ စိန်ပြောင်းကျည်ဆန် သုံးခုကျရောက်ပေါက်ကွဲခြင်းမှ အစပြုဖြစ်ပွားခဲ့ပြီးနောက် ဟားမားစ်အဖွဲ့က အစ္စရေးနိုင်ငံတွင်းသို့ ဒုံးကျည်များ ပစ်လွှတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စိန်ပြောင်းကျည်များ အစ္စရေးနိုင်ငံတွင်း ကျရောက်မှုကြောင့် ထိခိုက်သေကျေ ပျက်စီးမှုသတင်းများမရရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြ သည်။
ဆင်ဟွာ

No comments:

Post a Comment