Monday, February 5, 2018

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ စက္ကူပုံးစက်ရုံ မီးလောင်မှုဖြစ်

Image may contain: one or more people and people standing
ရန်ကုန် ဖေဖော်ဝါရီ ၎
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် ရွှေလင်ပန်းစက်မှုဇုန် မင်းကြီးမဟာမင်းခေါင်လမ်း အမှတ် (၁၇၂) ရှိGrand Harvest (စက္ကူပုံး) စက်ရုံတွင် ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားရာ သက်ဆိုင်ရာမှ လေးနာရီကျော်ကြာ ကြိုးစားငြှိမ်းသတ်လျက်ရှိကြောင်း ကနဦးသတင်းများအရ သိရသည်။
''အဆောက်အအုံက လုံနေတော့ အပြင်ဘက်ကို မီးတောက်တွေ ထွက် တာ သိပ်မတွေ့ရဘူး။ အထဲမှာ လှိုက်ပြီးလောင်နေတာပါ။ မီးပွားတွေ ပတ်ဝန်းကျင်ကို တော်တော်လေးလွင့် နေလို့ မီးသတ်တပ်ဖွဲ့တွေ ကြိုးစားပြီး ငြှိမ်းသတ်နေတာကိုတွေ့ရတယ်''ဟု အဆိုပါမီးလာင်မှုအနီးရှိ ဒေသခံ ကိုမြင့်ဦးက ပြောသည်။
မီးလောင်မှုဖြစ်ပွားရာသို့ သက် ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေး အထောက်အကူပြု အဖွဲ့များ၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ ဝင်များက လူနာတင်ယာဉ်များ၊ မီးငြှိမ်းသတ်ယာဉ်များဖြင့် ဝိုင်းဝန်း ကြိုးစားငြှိမ်းသတ်ကြရာ ညနေ ၅ နာရီ ၅၅ မိနစ်တွင် မီးထိန်းနိုင် ခဲ့သော်လည်း ဘေးပတ်ဝန်းကျင်သို့ ဆက်လက် မီးကူးစက် မလောင်ကျွမ်း စေရန်အတွက် ည ၈ နာရီ မိနစ် ၄ဝ အထိ ဘက်ပေါင်းစုံမှ မီးငြှိမ်းသတ် လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။
မီးလောင်မှုနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှ လူနာတင်ယာဉ် မော်တော် ယာဉ်မှူးဖြစ်သူ ကိုဝင်းထိုက်က ''ကျွန်တော်တို့ မီးလောင်တဲ့နေရာကို စတင်ရောက်ရှိချိန်မှာပဲ သစ်ပင်ပေါ် ကိုတက်ပြီး မီးလောင်နေတာကို ကြည့်တဲ့ အသက် (၁၈) နှစ်အရွယ် အမျိုးသားတစ်ဦး အပေါ်က ဓာတ် ကြိုးကြောင့် ဓာတ်လိုက်ပြုတ်ကျသွား လို့ ဆေးရုံကို လိုက်ပို့ခဲ့ပါတယ်၊ ဖြစ်ဖြစ်ချင်းမှာလည်း ရှေးဦးသူနာပြုစု နည်းနဲ့ လူနာကို သတိရအောင် လုပ် ပေးခဲ့ပါတယ်၊ သူရဲ့အိမ်ကိုလည်း သွားရောက် အကြောင်းကြားပေးခဲ့ပါ တယ်၊ လူထိခိုက်ဒဏ်ရာ ရရှိမှုအနေနဲ့ ကတော့ အခြားကြီးကြီးမားမားဖြစ်ပွား တာမျိုးတော့ လက်ရှိအချိန်အထိ မကြားမိသေးပါဘူး''ဟု ပြောသည်။
မီးလောင်မှုကြောင့် စက်ရုံ အဆောက် အအုံ နှစ်လုံးနှင့်အတူ စက္ကူပုံးများ၊ လုပ်ငန်းသုံးမော်တော်ယာဉ် ၁၄ စီး တို့ မီးလောင်ခဲ့ပြီး မီးလောင်မှု အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုး ကို သက်ဆိုင်ရာက စစ်ဆေးဆောင် ရွက်လျက်ရှိသည့်အပြင် အပြီးသတ် မီးငြိမ်းစေရန်အတွက် ကြိုးစားငြှိမ်းသတ်လျက်ရှိကြောင်း ကနဦးသတင်း များအရ သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး

No comments:

Post a Comment