Monday, February 26, 2018

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရန်ပုံငွေ ပေးအပ်

Image may contain: 1 person, on stage
ရေတာရှည် ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (VDP) ဖြင့် ရန်ပုံငွေကျပ် သိန်း ၁ဝဝ ပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁ဝ နာရီက သပြေတန်း ကျေးရွာ၌ ပြုလုပ်ခဲ့ရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုး နိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ တင်တင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ ကျော်ကျော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP)သည် ကဏ္ဍပေါင်းစုံပါဝင်သော ဖွံ့ဖြိုးရေး အစီအစဉ်များဆောင် ရွက်ရာတွင် ပြည်သူများပါဝင် ဆောင်ရွက်ပြီး ကျေးရွာများ၏ ပကတိလိုအပ်ချက်များကိုဖော်ထုတ် ၍ ဦးစားပေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည်။ ''လက်ရှိ ဦးစားပေးလုပ်ငန်းဖြစ်တဲ့ ကျေးရွာ တွင်းလမ်း ကျောက်ချောလမ်းကို အကျယ် ၁ဝ ပေ၊ အရှည် ပေ ၁၅ဝဝ ကို ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း ၁ဝဝ၊ ကျေးရွာနေဒေသခံတွေထည့်ဝင်တဲ့ ကျပ် ၃၂ သိန်းနဲ့ အကောင်အထည် ဖော်ဆောင်ရွက်သွားမှာပါ'' ဟု မြို့နယ် ကျေးလက်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးရန်နိုင်ညွန့်က ပြောကြားသည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment