Tuesday, February 27, 2018

ကောလာဟလ သတင်းအမှားဖြင့် ဖြတ်ကျော်လျက်ရှိသည့် လိုင်စင်မဲ့ယာဉ်များကို သိမ်းဆည်း

Image may contain: car, sky, tree, outdoor and nature

ကျိုက်ထို ဖေဖော်ဝါရီ ၂၆
မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တရားမဝင် ကုန်သွယ်မှုများကို ထိန်းချုပ်တားဆီးလျက်ရှိရာ ယခုအချိန် တွင် တရားမဝင် လိုင်စင်မဲ့ယာဉ်များကို မှတ်ပုံတင်ပြုလုပ် ပေးမည်ဖြစ်ကြောင်း ကောလာဟလ သတင်းအမှားများ ထွက်ပေါ်နေသည့်အတွက် ကျိုက်ထိုမြို့နယ်ကို ဖြတ်ကျော်လျက်ရှိသည့် လိုင်စင်မဲ့ယာဉ်များကို မရမ်း ချောင်အမြဲတမ်းပူးပေါင်းစစ်ဆေးရေးစခန်းက တားဆီး သိမ်းဆည်းလျက်ရှိသည်။
ယင်းသို့ သိမ်းဆည်းရာတွင် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ လိုင်စင်မဲ့ မော်တော်ယာဉ် ၁၇ စီးနှင့် မော်တော်ဆိုင်ကယ် လေးစီးကို သိမ်းဆည်း ရရှိခဲ့သည်။
သိမ်းဆည်းရမိသည့် ယာဉ်များမှာ မော်တော်ဆိုင်ကယ် လေးစီးနှင့် လုပ်ငန်းသုံး မော်တော်ယာဉ် တစ်စီး၊ အိမ်သုံး မော်တော်ယာဉ် ၁၆ စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇ဝ၁ သိန်းကျော်ခန့် သိမ်းဆည်းရမိခဲ့သည်။
အဆိုပါသိမ်းဆည်းရမိသည့် ယာဉ်များနှင့် ပတ်သက်၍ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းမှ ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရ သည်။
ဝင်းမောင်(ကျိုက်ထို)

No comments:

Post a Comment