Monday, February 26, 2018

ရတနာပုံအသင်း အိမ်ကွင်း၌ အနိုင်ရပြီးဟံသာဝတီအသင်း သုံးပွဲဆက်နိုင်

Image may contain: 2 people, people playing sports and outdoor
မန္တလေး ဖေဖော်ဝါရီ ၂၅
၂ဝ၁၈ ဘောလုံးရာသီ MPT MNLအမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၇) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ရတနာပုံနှင့် ဟံသာဝတီအသင်း နိုင်ပွဲရခဲ့သည်။
(မန္တလာသီရိကွင်း)
ရတနာပုံ -တစ်ဂိုး
ဇွဲကပင် -ဂိုးမရှိ
လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်၏ ရှုံးပွဲကြုံတွေ့မှုကို ရတနာပုံအသင်း အခွင့်ကောင်းယူနိုင်ခဲ့ပြီး အိမ်ကွင်းနိုင်ပွဲနှင့်အတူ အမှတ်ပေးဇယား ဒုတိယနေရာသို့ ပြန်လည်တက်လှမ်းလာနိုင်ခဲ့သည်။ ရတနာပုံအသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် သုံးပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုအား အဆုံးသတ်နိုင်ခဲ့ပြီး ဇွဲကပင်အသင်းမှာမူ ရှုံးပွဲဆက်ကာ အဆင့်(၈)နေရာအထိ ဆင်းပေးခဲ့ရသည်။
ရတနာပုံအသင်း၏ ပွဲထွက်လူစာရင်းတွင် ရဲကိုဦး၊ စည်သူအောင်၊ မြတ်ကောင်းခန့်၊ ချမ်းငြိမ်းကျော်တို့ပါဝင်ခဲ့ပြီး အထောင်တိုက်စစ်မှူးနေရာတွင် ဝင်းနိုင်ထွန်းအစား ရှိုင်းသူရကို အသုံးပြုကာ ခံစစ်ပိုင်းကိုလည်း အပြောင်းအလဲ အချို့ပြုလုပ်ခဲ့သည်။
ဇွဲကပင်အသင်းမှာလည်း အမာခံကစားသမားအစုံ အလင်ဖြင့် ပွဲထွက်ခဲ့ပြီး အဝေးကွင်း၌ ရလဒ်ကောင်းရရန် ကြိုးပမ်းခဲ့သည်။ ရတနာပုံအသင်းသည် ပွဲစကတည်းက ဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း ဇွဲကပင်အသင်း၏ တုံ့ပြန်မှု ကြောင့် ရုန်းကန်ခဲ့ရသည်။ ဇွဲကပင်အသင်းသည် ပေါ်လို နှင့် ကင်မ်တို့၏ တိုးအားများဖြင့် ရတနာပုံနောက်တန်းကို အခက်တွေ့အောင်လုပ်နိုင်ခဲ့ပြီး ဂိုးသမားချမ်းငြိမ်းကျော် အမှားမရှိခဲ့၍သာ ဂိုးမပေးရခြင်းဖြစ်သည်။ ၃၆ မိနစ်တွင် ရတနာပုံအသင်း တစ်လုံးတည်းသော အနိုင်ဂိုးရခဲ့ပြီး တောင်ပံကစားသမား စည်သူအောင်က သွင်းယူခဲ့ကာ လေးပွဲဆက်ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ် နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် ဇွဲကပင်အသင်းက တိုက်စစ် ပိုမြှင့်လာခဲ့ပြီး ရတနာပုံနောက်တန်း ခက်ခက်ခဲခဲ ထိန်းချုပ် ခဲ့ရသည်။ ဇွဲကပင်အသင်း၏ ဂိုးသွင်းမှုများကို ဂိုးသမား ချမ်းငြိမ်းကျော် ကာကွယ်နိုင်ခဲ့၍ ရတနာပုံအသင်း အနိုင် ရလဒ်အား ထိန်းထားနိုင်ခဲ့ခြင်းဖြစ်သည်။ ရတနာပုံအသင်း သည် တန်ပြန်တိုက်စစ်ဖြင့်သာ ကစားခဲ့ပြီး ဂိုးရနိုင်သည့် အခွင့်အရေးများရခဲ့သော်လည်း အသုံးမချနိုင်ခဲ့၍ ပထမပိုင်းရလဒ်အတိုင်း ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
ပဲခူးကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းကSouthern အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဟံသာဝတီအသင်းသည် ၆၇ မိနစ်တွင် သွင်းယူသည့် ရန်နိုင်အောင်၏ဂိုးဖြင့် သုံးပွဲဆက် အနိုင်ရခဲ့ခြင်းဖြစ် သည်။ ပွဲစဉ်(၇)အပြီးတွင် ရန်ကုန်အသင်းက ၁၉ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရတနာပုံ၊ မကွေးနှင့် လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းတို့က ၁၄ မှတ်စီ၊ ဟံသာဝတီအသင်းက ၁၂ မှတ်၊Southern နှင့် ရခိုင် အသင်းက ရှစ်မှတ်စီ၊ ဇွဲကပင်အသင်းက ခုနစ်မှတ်၊ ဧရာဝတီအသင်းက ခြောက်မှတ်၊ စစ်ကိုင်းအသင်းက ငါးမှတ်၊GFA အသင်းက လေးမှတ်နှင့် မြဝတီအသင်းက နှစ်မှတ်ရထားသည်။ ယခုတစ်ပတ်ကစားမည့် မြဝတီနှင့် စစ်ကိုင်းပွဲကို မတ် ၁၁ ရက်သို့ ရွှေ့ဆိုင်းထားသည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment