Thursday, February 1, 2018

ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

Image may contain: 1 person, sitting
ရမည်းသင်း ဇန်နဝါရီ ၃၁
ရမည်းသင်းမြို့ အင်တိုင်းကျေးရွာအုပ်စု အင်တိုင်း အခြေခံပညာအလယ်တန်းကျောင်း ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသိန်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းကို ရှင်းလင်း ပြောကြားကာ တာဝန်ခံ ကျောင်းအုပ် ဦးနန္ဒ အာကာကျော်က စုံညီပွဲတော်တွင် ကျောင်းသား ကျောင်းသူများ၏ ကာယ၊ ဥာဏ၊ စာရိတ္တ ထူးချွန်သူနှင့် အတန်းလိုက် (A) အဆင့် ရရှိသူ များအား ဆုများချီးမြှင့်ပေးရခြင်းကို ရှင်းလင်း ပြောကြားသည်။ အင်တိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ထူးချွန်သူများအား တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)

No comments:

Post a Comment