Thursday, February 1, 2018

မြိတ်မြို့နယ်၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

No automatic alt text available.
နေပြည်တော် ဇန်နဝါရီ ၃၁
ပုလဲမင်းစစ်ဆင်ရေးအရ မူးယစ် တပ်ဖွဲ့စု(၃၅) မြိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃ဝ ရက် မွန်းလွဲ ၁ နာရီခွဲက မြိတ်မြို့ ဇေယျာသီရိ(၃)ရပ်ကွက် ခေမာလမ်းနေ မခင်မာချို အိမ်ငှား နေထိုင်သည့် အိမ်တန်းလျားအခန်း အမှတ်(၁) နေအိမ်ဈေးဆိုင်ခန်းကို ရှာဖွေရာ ကွမ်းယာခုံအခင်း ကော်ဇောအောက်မှ စိတ်ကြွရူးသွပ် ဆေး ၇၂ ပြား၊ ငွေကျပ် ၁၆ဝဝဝဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။
ထို့ပြင် မင်းမင်းဖြိုး(ခ)မင်းမင်းနှင့် ဇင်မင်းမြတ်တို့ အိမ်ငှားနေထိုင်သည့် အိမ်တန်းလျား အခန်းအမှတ်(၃)အိမ်ခန်းကို ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၂ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း၊ မမိသဲ အိမ်ငှားနေထိုင်သည့် အိမ်တန်းလျား အခန်းအမှတ်(၅)အိမ်ခန်းကို ရှာဖွေ ရန် ဝင်ရောက်စဉ် မမိသဲမှာ အိမ်အပြင်ဘက်သို့ အထုပ်တစ်ထုပ် ပစ်ချသဖြင့် စစ်ဆေးခဲ့ရာ စိတ်ကြွ ရူးသွပ်ဆေး ၂၅ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း။
အလားတူ မြိတ်မြို့နယ် ပသောင်း တံတားထိပ် မြိတ်-တနင်္သာရီ ကား လမ်းတွင် ဝင်းနိုင်စိုး(ခ)ဘူငယ် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရှာဖွေရာ ဘိန်းစာမှုန့် ၁၁ ဒသမ ၄၁ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment