Tuesday, February 27, 2018

အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း လေတပ် စီးနင်းတိုက်ခိုက်မှုကြောင့်ဆီးရီးယားအရှေ့ပိုင်း ဒီယာအယ်လ်ဇောပြည်နယ်တွင် အရပ်သား ၂၅ ဦးသေဆုံး

Image may contain: sky, cloud and outdoor

ဒမတ်စကတ် ဖေဖော်ဝါရီ ၂၆
ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ ဒီယာအယ်လ် ဇောပြည်နယ်တွင် အမေရိကန်ဦးဆောင်သည့် အကြမ်းဖက်တိုက်ဖျက်ရေး ညွန့်ပေါင်းအဖွဲ့၏ လေကြောင်းစီးနင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၂၅ ဦးသေဆုံးခဲ့ကြောင်း ဆီးရီးယား အရေး စောင့်ကြည့်လေ့လာသည့်အဖွဲ့က ဖေဖော်ဝါရီ ၂၆ ရက်တွင် သတင်းထုတ်ပြန် သည်။
ပြောကြား
အစ္စလာမ္မစ် နိုင်ငံတော် ထူထောင်ရေး အဖွဲ့ (အိုင်အက်စ်) လက်တွင်း နောက်ဆုံး ကျန်ရှိနေသောဒေသဖြစ်သည့် ယူဖရေးတီးစ် မြစ် အရှေ့ဘက်ကမ်းရှိ ဒေသအားပစ်မှတ်ထား ကာ အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်း လေတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်တွင် လေ ကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့် ကြည့်သည့်အဖွဲ့က ပြောကြားသည်။
ယင်းလေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးရသူများ၏ ထက်ဝက်ခန့်မှာ ကလေး ငယ်များဖြစ်ကြောင်း လန်ဒန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က ပြောကြားသည်။
ထိုစဉ်အတွင်း ဆီးရီးယားအစိုးရပိုင် ဆာနာသတင်းဌာနက ထုတ်ပြန်သည့်သတင်း တွင် ယင်းလေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးရသူဦးရေမှာ ၂၉ ဦးရှိပြီး ထိခိုက် ဒဏ်ရာရသူ များစွာရှိကြောင်း အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့မှ လေယာဉ်များက ဒီယာအယ်လ်ဇောပြည်နယ် အတွင်းရှိ ပြည်နယ်မြို့တော် အရှေ့ဘက် တောင်ပိုင်းဒေသရှိ ရှုဖွန်နှင့် ဇာဟရက်မြို့ များအား စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သတင်း တွင်ဖော်ပြသည်။
ထောက်ခံမှုပေး
အစ္စလာမ္မစ် နိုင်ငံတော် ထူထောင်ရေး အဖွဲ့(အိုင်အက်စ်)တို့အား ယူဖရေးတီးစ်မြစ်အရှေ့ဘက်ကမ်းခြေမှ ထွက်ခွာသွားရေး အတွက် တိုက်ခိုက်မှုများပြုလုပ်နေသည့် ကာဒစ်လက်နက်ကိုင်များဦးဆောင်သည့် ဆီးရီး ယားဒီမိုကရက်တစ်တပ်ဖွဲ့ (အက်စ်ဒီအက်ဖ်)အား အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်း တပ်ဖွဲ့များက ထောက်ခံမှုပေးလျက်ရှိသည်။ ယင်းဒေသသည် ဆီးရီးယားနိုင်ငံ၏ အဓိက ကျသော ရေနံနှင့် သဘာဝဓာတ်ငွေ့နယ်မြေများတည်ရှိသည်။
ဆင်ဟွာ

No comments:

Post a Comment