Thursday, February 1, 2018

အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာသင်တန်းမောင်တောမြို့၌ ဖွင့်လှစ်

Image may contain: 1 person
မောင်တော ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ် မောင်တောမြို့၌ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ သင်တန်းကို မောင်တောမြို့ ကုန်သည်ကြီးများအသင်း ဒေဝါနဒီခန်းမ၌ ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန မောင်တောခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး (IOM) ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း အမျိုးသားအစီအစဉ်အရာရှိ ဒေါ်အေးသိမ့်သူက သဘာဝဘေးအန္တရာယ် မကျရောက်မီêကြိုတင်ပြင်ဆင်ခြင်း၊ ဖြစ်ပေါ်ပြီးအရေးပေါ်တုံ့ပြန်ဆောင်ရွက် ရမည့် လုပ်ငန်းအခြေအနေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည် သိရှိစေရန်ဖြစ်ကြောင်း သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနနှင့်IOM တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား သင်တန်းသူ၊ ဌာနဆိုင်ရာဝန်ထမ်း ၃ဝ ခန့်ဖြင့် သုံးရက်ကြာ ဖွင့်လှစ်ပို့ချ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment