Wednesday, January 3, 2018

UEHRDစီမံကိန်းအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား စိစစ်လက်ခံနေရာချထားရေး ကွင်းဆင်းကြည့်ရှု

Image may contain: 23 people, people standing
စစ်တွေ ဇန်နဝါရီ ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် UEHRD ညှိနှိုင်း ရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်တို့နှင့် အတူ ယနေ့နံနက်ပိုင်းတွင် ၂ဝ၁၇ ခုနှစ် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားခဲ့သူများကို စိစစ် လက်ခံပြီး ပြန်လည်နေရာချထားပေးမည့် လျာထားနေရာများဖြစ်သော မြို့မိချောင်း၊ ကျွန်းပေါက်ပြုစု၊ လင်္ဘာဂုံးနားနှင့် ပွင့်ဖြူချောင်းကျေးရွာများကို ကွင်းဆင်းကြည့်ရှုကြပြီး ပြန်လည်ဝင်ရောက်လာသူများအတွက် မူလနေထိုင် ရာနေရာ(သို့မဟုတ်) အနီးစပ်ဆုံးနေရာများတွင် စနစ်တကျ စုစည်း၍ မူလ အလုပ်အကိုင် (သို့မဟုတ်) ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်နိုင်မည့်အခြေအနေများ ဖန်တီးပေးနိုင်ရန် စီစဉ်ဆောင် ရွက်ရေး ညှိနှိုင်းပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဦးခရိုင် မြေပုံမြို့ရှိ တောင်ပေါ် IDP စခန်းသို့ ရောက်ရှိကြပြီးIDPစခန်းတွင် ခေတ္တ နေထိုင်သူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ယာယီနေထိုင်ရန် ဆောက်လုပ်ထားသောစခန်းများတွင် သက်တမ်းကြာရှည်စွာ နေထိုင်ခြင်း ဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများတွင် အခက်အခဲများ ကြုံတွေ့ နေကြရသဖြင့် ပိုမိုကောင်းမွန်သော အခြေအနေတစ်ရပ်ဖြစ်စေရန်အတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးကြရန်၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြု စိစစ်ခံမည့်သူ၏လက်မှတ် (NVCard)များကို ပြုလုပ် ကိုင်ဆောင်ခြင်းဖြင့်NVCard၏ အခွင့်အရေးများကို ရရှိကြမည်ဖြစ်ပြီး နေထိုင်သွားလာမှုများ ပိုမိုအဆင်ပြေလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များကို လက်တွေ့ဖြေရှင်း ဖြည့်ဆည်းပေးနိုင်ရန် ဌာနဆိုင်ရာများနှင့်လည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လက်ရှိစခန်းကို ဖျက်သိမ်းပြီး ပြန်လည်နေရာချထားရေးကို စနစ်တကျ ဆောင်ရွက်ရန် ညှိနှိုင်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment