Wednesday, January 3, 2018

၂ဝ၁၉ ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာယူ-၂၁ အသင်း စတင်ပြင်ဆင်

Image may contain: 3 people, people standing and outdoor
ရန်ကုန် ဇန်နဝါရီ ၂
၂ဝ၁၉ ခုနှစ်တွင် ကျင်းပမည့် အကြိမ် (၃ဝ)မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန်အတွက် မြန်မာ ယူ-၂၁ အသင်းသည် စတင်လေ့ကျင့်ပြင်ဆင်နေပြီဖြစ်ပြီး ကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်းထားသည်။
မြန်မာယူ-၂၁ အသင်းသည် ဗီယက်နမ်ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲတွင် တတိယဆုရခဲ့သည့်အသင်းကို အခြေခံကာ ကစားသမား ၁၇ ဦး ပြန်လည်ပါဝင်လာသည်။ မြန်မာယူ-၂၁ အသင်းသည် ၂ဝ၁၉ ဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းထားသောကြောင့် ၂ဝ၁၉ ခုနှစ် အသက် ကျော်လွန်မည့် ကစားသမားများကို ပြန်လည်စေလွှတ် ခဲ့ပြီး တတိယဆုရအသင်းမှ အီစိုး၊ ကျော်မြင့်ဝင်းနှင့် တည်ငြိမ်မင်းတို့ကို အသက်ကျော်လွန်နိုင်မည်ဖြစ်၍ ကလပ်အသင်းသို့ ပြန်လည်စေလွှတ်ခဲ့သည်။ မြန်မာယူ-၂၁ အသင်းသည် လူငယ်လိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြနေသည့် ကစားသမားရှစ်ဦးကို ပြန်လည်အစားထိုးရွေးချယ်ထား ပြီး အောင်မြင့်မြတ်(ဂိုး)၊ အောင်ဖြိုးသာ၊ ကျော်မျိုးနိုင်၊
သိုင်းဘွဲ့အောင်၊ မင်းကို၊ ဇော်ဝင်းမောင်၊ သန်းမြင့်ထွန်းနှင့် ချမ်းငြိမ်းတို့ ပါဝင်လာသည်။ မြန်မာယူ-၂၁ အသင်းသည် ဇန်နဝါရီ ၁၂ ရက်အထိ လေ့ကျင့်မည်ဖြစ်ပြီး လိဂ်ပြိုင်ပွဲများ စတင်ကျင်းပပါက တစ်ပတ်လျှင်နှစ်ရက်ဖြင့် ကာလရှည်လေ့ကျင့်မည်ဖြစ်သည်။ ယင်း အသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က ဆက်လက်ကိုင်တွယ် မည်ဖြစ်ပြီး ဦးသန်းတိုးအောင်က အုပ်ချုပ်သူအဖြစ် ဆောင်ရွက် မည်ဖြစ်သည်။
မြန်မာယူ-၂၁ အသင်းတွင် အုပ်ချုပ်သူ-ဦးသန်းတိုးအောင်၊ နည်းပြချုပ်-ဦးကြည်လွင်၊ လက်ထောက်နည်းပြ-ဦးကျော်လွင်၊ ဦးချစ်နိုင်၊ ဂိုးနည်းပြ-ဦးမျိုးကျော်အောင်၊ ကစားသမားများအဖြစ် ဂိုး-ဘုန်းသစ္စာမင်း၊ ထွန်းနန္ဒာဦး၊ အောင်မြင့်မြတ်၊ နောက်တန်း- ရဲရင့်အောင်၊ ဝင်းမိုးကျော်၊ ကျော်သူထွန်း၊ သန်းထိုက်ဇင်၊ သက်ပိုင် ထွေး၊ ဟိန်းထက်စည်သူ၊ သူရိန်စိုး၊ အောင်ဖြိုးသာ၊ ကျော်မျိုးနိုင်၊ အလယ်တန်း-မြတ်ကောင်းခန့်၊ မြတ်ထွန်းသစ်၊ ဇေယျာနိုင်၊ စိုးလွင်လွင်၊ ဇွဲသက်ပိုင်၊ ဟိန်းထက်အောင်၊ သိုင်းဘွဲ့အောင်၊ မင်းကို၊ ဇော်ဝင်းမောင်၊ ရှေ့တန်း-ဇင်မင်းထွန်း၊ ရွှေကို၊ ချမ်းငြိမ်းနှင့် သန်းမြင့်ထွန်းတို့ ပါဝင်ကြသည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment