Thursday, January 25, 2018

မြစ်ကြီးနားမြို့ရှိ လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊SMEချေးငွေကိစ္စရပ်များ ဆွေးနွေး

Image may contain: one or more people, people sitting, table and indoor
မြစ်ကြီးနား ဇန်နဝါရီ ၂၄
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း သည် ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း ရေးဆွဲရေးကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်SMEချေးငွေကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ် ဝန်ကြီးများက ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်၍ တင်ပြဆွေးနွေး ကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေး သည်။
မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့နယ် အတွင်းရှိ စီးပွားရေးဖွံ့ဖြိုးရေးဇုန် စီမံကိန်း ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်SME ချေးငွေဆိုင်ရာ ကိစ္စရပ်များကို ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်း ဘက်စုံ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ရှင်းလင်းတင်ပြသည်။ ထို့နောက် မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင် ရေး အကြံပြုချက်စာတမ်းကို ဘက်စုံ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင် ဦးထွန်းညွန့်က ရှင်းလင်းတင်ပြရာ တက်ရောက်လာ သည့် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြစ်ကြီးနားမြို့ နန်ကျင် ရပ်ကွက်ရှိ မြစ်ကြီးနား စီးပွားရေးဖွံ့ဖြိုး ရေးဇုန် စီမံကိန်းမြေနေရာကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment