Thursday, January 25, 2018

လယ်ဝေးမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

Image may contain: one or more people and crowd
လယ်ဝေး ဇန်နဝါရီ ၂၄
နေပြည်တော် လယ်ဝေးမြို့နယ် အမှတ်(၂)ရပ်ကွက် ဓမ္မာရုံ၌ ယမန်နေ့ နံနက် ၉ နာရီက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက် ခဲ့သည်။
အဆိုပါ ဟောပြောပွဲ၌ လယ်ဝေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ညွန့်က မှုခင်းကျဆင်းရေးနှင့် သက်ငယ်မုဒိမ်းဖြစ်ပွားမှုမရှိစေရေး၊ မြို့မရဲစခန်းမှူး ဒု-ရဲမှူးအောင်ဇေယျာလင်းက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်စိုင်းနေမျိုးက လူကုန်ကူးမှု ပပျောက်ရေးတို့ကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ဟောပြောပွဲ တက်ရောက်လာကြသည့် ပြည်သူ ၁၁ဝ ခန့်အား အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment