Monday, January 1, 2018

မန္တလေးမြို့တွင် New Year Count Down ပွဲ ပျော်ရွှင်စွာဆင်နွှဲ

Image may contain: one or more people and outdoor
မန္တလေး ဒီဇင်ဘာ ၃၁
၂ဝ၁၇ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်သို့ ကူးပြောင်းမည့် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းတွင် New Year Count Down ပွဲကို ကျုံးတောင်ဘက်ခြမ်းရှိ မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့တွင် မန္တလေးပြည်သူများ ဆောင်းမိုးများ တဖွဲဖွဲ ရွာသွန်းနေသည့်ကြားမှာပင် လွတ်လပ်ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြောင်း သိရသည်။
''ဒီအစဉ်အလာက ကျွန်တော်တို့ မန္တလေးမှာ ဓလေ့တစ်ခုဖြစ်နေပါပြီ၊ ဒီလိုညမှာ ဆောင်းမိုး တွေရွာပြီး ချမ်းအေးနေပေမယ့်လည်း နှစ်ကူးမယ့် ၁၂ နာရီထိုးမယ့် အချိန်ထိ စောင့်ပြီးHappy New Year လို့ သံပြိုင် အော်ဟစ် ဆုတောင်းလိုက်ရတာပါ'' ဟု နှစ်သစ်ကူးပွဲသို့ ပါဝင်ဆင်နွှဲသူ ကိုမျိုးဝင်းက ပြောသည်။ အဆိုပါ New Year Count Down ပွဲသို့ မန္တလေးမြို့ရှိ ရပ်ကွက်အသီးသီးမှ ဒေသခံ ပြည်သူများ လာရောက်၍ နှစ်သစ်အတွက် သံပြိုင် ဆုတောင်းခြင်းများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်ကာ တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment