Monday, January 1, 2018

အပြည်ပြည်ဆိုင်ရာလှေနှင့်ကနူး/ကယက်လှေပြိုင်ပွဲ ဆုချီးမြှင့်

Image may contain: 9 people, people standing, shoes, child and outdoor
ရန်ကုန် ဒီဇင်ဘာ ၃၁
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်-မန္တလေး) ကျောင်း များ၏ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အပြည်ပြည်ဆိုင်ရာ လှေနှင့် ကနူး/ ကယက်လှေပြိုင်ပွဲများကို ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပသည်။
ပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်နှင့် အမှုဆောင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်ခင်မိုးမိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနှင်းနိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသူများက အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲတွင် အမျိုးသား/ အမျိုးသမီးတစ်ယောက်လှော်မီတာ ၁ဝဝဝ နှင့် အမျိုးသား/အမျိုးသမီး နှစ်ယောက်လှော် မီတာ ၁ဝဝဝ ပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး တစ်ယောက်လှော် မီတာ ၅ဝဝ၊ အမျိုးသား/အမျိုးသမီး နှစ်ယောက်လှော် မီတာ ၅ဝဝ ပြိုင်ပွဲများ တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများ၊ ကနူးလှေပြိုင်ပွဲတွင် အမျိုးသား/ အမျိုးသမီး တစ်ယောက်လှော် မီတာ ၅ဝဝ၊ အမျိုးသား/အမျိုးသမီး နှစ်ယောက်လှော် မီတာ ၅ဝဝ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများ၊ ကယက်လှေပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး တစ်ယောက်လှော် မီတာ ၅ဝဝ၊ အမျိုးသား/အမျိုးသမီး နှစ်ယောက်လှော် မီတာ ၅ဝဝ ပြိုင်ပွဲများ တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများ၊ ကနူးလှေပြိုင်ပွဲတွင် အမျိုးသား/ အမျိုးသမီးတစ်ယောက်လှော် မီတာ ၂ဝဝ၊ အမျိုးသား/အမျိုးသမီး နှစ်ယောက်
လှော် မီတာ ၂ဝဝ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲပေါင်း အမျိုးအစား ၂၄ မျိုးရှိရာ မန္တလေးအား/ ကာသိပ္ပံမှ ရွှေတံဆိပ် ၁ဝ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် သုံးခု စုစုပေါင်း ဆုတံဆိပ် ၂၅ ခုဖြင့်လည်းကောင်း၊ ရန်ကုန်အား/ကာသိပ္ပံမှ ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၂၁ ခု စုစုပေါင်း ၄၇ ခုဖြင့် ပထမ ရရှိ သွားကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment