Thursday, January 4, 2018

နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ


Image may contain: 2 people, text=======

နေပြည်တော် ဇန်နဝါရီ ၃
မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းက ကျင်းပ သည့် ၂ဝ၁၈ ခုနှစ် နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ်ရှိ မြန်မာနိုင်ငံ မိခင် နှင့် ကလေးစောင့်ရှောက်ရေးအသင်း ရုံးချုပ်၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်က မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်း လုံးတွင်ရှိသည့် မိခင်နှင့်ကလေးများ၏ လူနေမှုဘဝ အဆင့်အတန်းမြင့်မား လာစေရေးအတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာစောင့်ရှောက်မှု လုပ်ငန်းများကို စေတနာအားဖြင့် အောက်ခြေ ထိရောက်ရှိအောင် ဆောင်ရွက်လျက် ရှိကြောင်း၊ မိခင်နှင့် ငါးနှစ်အောက် ကလေးများအတွက် အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း။
ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးမှု ရရှိပြီး ဥာဏ်ပညာတိုးတက်စေရန် ရည်ရွယ်ကာ တစ်နိုင်ငံလုံးတွင် နေ့ကလေးထိန်းကျောင်းပေါင်း ၂၁ ကျောင်း၊ မူလတန်းကြိုကျောင်း ပေါင်း ၅၃ဝ ကို ဖွင့်လှစ်ထားရှိပြီး ဖြစ်ကြောင်း၊ မိဘများအနေဖြင့် မိမိတို့ သားသမီးများကို အာဟာရ ပြည့်ဝမျှတအောင်၊ အစာအုပ်စု အားလုံးပါဝင်အောင် ကျွေးမွေးတတ် စေရန်၊ အသက်အရွယ်အလိုက် ထိုးနှံရမည့် ကာကွယ်ဆေးများကို ပုံမှန်ထိုးနှံသော အလေ့အကျင့် ကောင်းများရရှိစေရန်၊ ကလေးငယ် များ၏ ပုံမှန်ကိုယ်အလေးချိန်ကို ချိန်တွယ်ပြီး ကလေးငယ်များ၏ဖွံ့ဖြိုးမှုကို အမြဲမပြတ်စောင့်ကြည့် တတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ၂ဝ၁၄ ခုနှစ် လွတ်လပ်ရေးနေ့မှစကာ ကလေး ပြိုင်ပွဲအား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆုများကို ပေးအပ် ချီးမြှင့်ရာ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်က ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် မွေးစမှ သုံးလ အရွယ် ကလေးငယ်များအား လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မာလာဝင်းက ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် သုံးလမှ ခြောက်လအရွယ် ကလေးငယ်များ အား လည်းကောင်း ဆုများကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း နှင့် ဗဟိုအလုပ်အမှုဆောင် ဒေါ်သန်းသန်းစိန်နှင့် တာဝန်ရှိ သူများက ပထမ၊ ဒုတိယ၊ တတိယ ဆုနှင့် နှစ်သိမ့်ဆုရရှိသည့် ခြောက်လ မှ တစ်နှစ်အရွယ်၊ တစ်နှစ်မှ တစ်နှစ်ခွဲ အရွယ်၊ တစ်နှစ်ခွဲမှ နှစ်နှစ်အရွယ် ကလေးငယ်များနှင့် အမြွှာအတွဲ ကလေးငယ်များအား ဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌက အကဲဖြတ် အမှတ်ပေးကြ သည့် ဆရာဝန်ကြီးများနှင့် သူနာပြု ဆရာမကြီးတို့အား ဂုဏ်ပြု လက်ဆောင်ပစ္စည်းများကို ပေးအပ် ချီးမြှင့်သည်။
သတင်းစဉ်

No comments:

Post a Comment