Thursday, January 4, 2018

နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ပျော်ပွဲရွှင်ပွဲများ ကျင်းပ

Image may contain: 6 people, people on stage, crowd and outdoor
ရန်ကုန် ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် သီတာနွယ်လမ်းမကြီး တွင် နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကို ယနေ့ ညမှစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
''ကျွန်တော်တို့ နှစ်တိုင်းကျင်းပတာပါ၊ ဒီညမှာ ရွှေတံဆိပ်ငါးဆုရတဲ့ မချယ်ရီမော်က မြန်မာ့ရိုးရာ ခြင်းလုံးအလှ ကစားပြတာပါ၊ မနက် ၄ နာရီမှာ တာဝေးအပြေးပြိုင်ပွဲကို စတင်ကျင်းပမှာပါ၊ ပြိုင်ပွဲအမျိုးအစား ၁ဝဝ ကျော် ပါတယ်၊ ဆုငွေတွေက အားလုံးပေါင်း သိန်း ၅ဝ ရှိတယ်'' ဟု ပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းလတ်က ပြောသည်။
အဆိုပါအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ဒေါပုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိုးနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းစိုးနှင့် ရပ်ကွက်အထောက်အကူပြုအဖွဲ့များ၊ ပြည်သူများ တက်ရောက်ကြသည်။
ဇာနည်မောင်

No comments:

Post a Comment