Wednesday, January 24, 2018

အမေရိကန်အစိုးရယန္တရား တစ်စိတ်တစ်ဒေသပိတ်ပစ်ခဲ့ရမှုအဆုံးသတ်ရန် အထက်လွှတ်တော်၌ ကြိုးပမ်းနိုင်ခဲ့

Image may contain: sky, cloud and outdoor
ဝါရှင်တန် ဇန်နဝါရီ ၂၃
အမေရိကန်ပြည်ထောင်စု၌ အစိုးရအသုံး စရိတ်ဘတ်ဂျက်မူကြမ်း အတည်ပြုရေးနှင့် ပတ်သက်၍ ဒီမိုကရက်နှင့် ရီပတ်ဘလီကန် အမတ်များအကြား သဘောကွဲလွဲခဲ့ကြခြင်း ကြောင့် အစိုးရယန္တရား တစ်စိတ်တစ်ဒေသ ပိတ်ပစ်ခဲ့ရမှု အဆုံးသတ်စေရန် ကွန်ဂရက် လွှတ်တော် တွင် ဇန်နဝါရီ ၂၂ ရက်က မဲခွဲ ဆုံးဖြတ်ခဲ့ကြကြောင်း၊ ကာလတို ယာယီအသုံးစရိတ်အတွက် ရန်ပုံငွေထောက်ပံ့ ပေးရေး ဥပဒေကြမ်းကို အတည်ပြုပေးလိုက်ရာ အစိုးရယန္တရား ပြန်လည် လည်ပတ်နိုင်တော့ မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာန များက ဇန်နဝါရီ ၂၃ ရက်တွင် သတင်း ထုတ်ပြန်သည်။
တရားမဝင် အခြေချနေထိုင်မှုနှင့် ပတ် သက်နေသည့် လူဝင်မှုကြီးကြပ်ရေးပြဿနာနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေး နွေးရန် ကတိပြုသည်ဆိုသော ရီပတ်ဘလီကန် အမတ်တို့၏ ကတိကဝတ်များကို ဒီမိုကရက် အမတ်တို့က လက်ခံခဲ့ကြပြီးနောက် မဲခွဲ ဆုံးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
အတည်ပြု
အောက်တိုဘာလနောက်ပိုင်း စတုတ္ထ အကြိမ် ပေါ်ထွက်လာသည့် ယာယီအသုံး စရိတ်ထောက်ပံ့ရေး ရန်ပုံငွေဥပဒေကြမ်းကို ကွန်ဂရက်ရှိ အထက်နှင့်အောက်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုပေးခဲ့ကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါ ဥပဒေကြမ်း ကို ဇန်နဝါရီ ၂၂ ရက် နှောင်းပိုင်းတွင် လက်မှတ်ရေးထိုးကာ အတည်ပြုပေးခဲ့ခြင်းမှာ အထက်လွှတ်တော်အမတ် ခေါင်းဆောင်များ အတွင်း ညှိနှိုင်းဆွေးနွေးမှု၏ရလဒ်ကောင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
လည်ပတ်နိုင်
သမ္မတထရန့်က ဥပဒေကြမ်းကို အတည် ပြု လက်မှတ်ရေးထိုးလိုက်ခြင်းဖြင့် ဇန်နဝါရီ ၂၃ ရက်တွင် အစိုးရယန္တရားကို အပြည့်အဝ ပြန်လည် လည်ပတ်နိုင်ပြီဖြစ်သည်။ ရီပတ် ဘလီကန်ဦးဆောင်သော ကွန်ဂရက် လွှတ် တော်သည် ဖေဖော်ဝါရီ ၈ရက်တွင် ဘတ်ဂျက် ကိစ္စနှင့် လူဝင်မှုကြီးကြပ်ရေးမူဝါဒ ကိစ္စတို့ကို ပြန်လည် ကိုင်တွယ် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ယင်းကိစ္စရပ်နှစ်ရပ်မှာ နီးနီးစပ်စပ် နှီးနွှယ်နေသော အကြောင်းရပ်များဖြစ်ကြ ပြီး အငြင်းပွားမှုများကို ဖြစ်ပေါ်စေကြောင်း ကွန်ဂရက် သတင်းရပ်ကွက်က ပြောကြား သည်။
ကြိုးပမ်း
အမေရိကန်ပြည်ထောင်စုသို့ မိဘများနှင့် အတူ ကလေးဘဝကတည်းကပင် တရားမဝင် ရောက်ရှိလာသူ သိန်းနှင့်ချီသောလူများအရေး နှင့် ပတ်သက်၍ ကွန်ဂရက်လွှတ်တော်၌ အချေအတင် အငြင်းပွားခဲ့ကြပြီးနောက် အစိုးရ ယန္တရားကို ပိတ်ပစ်ရမည့် အခြေ အနေမှ ကျော်လွှားလွန်မြောက်နိုင်ရန် အထက်လွှတ်တော်အမတ် ခေါင်းဆောင်များက ကြိုးပမ်းခဲ့ကြသည်။
ရိုက်တာ

No comments:

Post a Comment