Sunday, January 28, 2018

ရတနာပုံ သုံးပွဲဆက်နိုင်ပြီး မကွေးအသင်း ပထမဆုံးနိုင်ပွဲရ

Image may contain: 2 people, people smiling, people playing sports and outdoor
ရန်ကုန် ဇန်နဝါရီ ၂၇
၂ဝ၁၈ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၃) ပထမနေ့ကို ယနေ့ညနေပိုင်းက ကျင်းပ သည်။
အောင်ဆန်းကွင်း
ရတနာပုံ - နှစ်ဂိုး
GFA - ဂိုးမရှိ
ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်း ထားသည့် ရတနာပုံအသင်းသည် ရာသီအစ သုံးပွဲဆက်နိုင်ပွဲ ရယူနိုင်ခဲ့ပြီး ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ရတနာပုံ အသင်းသည် GFA အသင်း၏ တုံ့ပြန်မှု ကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရသော်လည်း အနိုင်သုံးမှတ်ကို မဖြစ်မနေ ရယူနိုင်ခဲ့သည်။GFAအသင်းသည် ကစားသမား အပြောင်း အလဲ များခဲ့သော်လည်း ပုံစံကောင်းထိန်းထား နိုင်ခဲ့သည်။
ရတနာပုံအသင်းသည် ရခိုင်အသင်းကို အနိုင်ရခဲ့သည့် လူစာရင်းအတိုင်းပွဲထွက်ခဲ့ပြီးGFAအသင်းမှာလည်း နိုင်ငံခြားသား ကစား သမားများအပါအဝင် လူစုံအသုံးပြုခဲ့သည်။ ယခုရာသီတွင် ပုံစံကောင်းရနေသည့်GFA အသင်း ကစားပုံကြောင့် ရတနာပုံအသင်း ခက်ခက်ခဲခဲကစားခဲ့ရပြီး ပွဲမှာအပြန်အလှန် ရှိခဲ့သည်။ ရတနာပုံအသင်းသည် ကွင်းလယ်မှ ရဲကိုဦးနှင့် မြတ်ကောင်းခန့်တို့၏ ဘောလုံး အဖြန့်၊ တောင်ပံနှစ်ဖက်မှ တိုးအားများဖြင့် တိုက်စစ်ဆင်ခဲ့ပြီး ၄၁ မိနစ်တွင် သက်နိုင်က ဂိုးစတင်သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင်GFA အသင်းက ဆက်လက်ဖိအားပေးနိုင်ခဲ့ သော်လည်း ရတနာပုံအသင်းက ပထမပိုင်း ထက် ဂိုးသွင်းခွင့် ပိုမိုဖန်တီးနိုင်ခဲ့သည်။ မျိုးကို ထွန်း၊ သက်နိုင်နှင့် ဝင်းနိုင်ထွန်းတို့အပြင် လူစားဝင်ကစားသမားများဖြစ်သည့် ဝင်းနိုင်စိုး နှင့် ဘီဘီတို့ အသုံးမချနိုင်ခဲ့၍ နစ်နာခဲ့ရသည်။ ရတနာပုံအသင်းအတွက် ဒုတိယအနိုင်ဂိုးကို ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် မြတ်ကောင်း ခန့်က သွင်းယူပေးခဲ့သည်။ မြတ်ကောင်းခန့် သည် အမှတ်ပေးပွဲ သုံးပွဲဆက်တိုက် ဂိုးသွင်း နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ပုသိမ်ကွင်း၌ ကျင်းပသောပွဲတွင် ဧရာဝတီနှင့် ရခိုင်အသင်းတို့ တစ်ဂိုးစီသရေကျ ခဲ့သည်။ ၂၂ မိနစ်တွင် အောင်ကောင်းမာန်က ဧရာဝတီအတွက် ဂိုးစတင်သွင်းယူခဲ့သော် လည်း ၅၅ မိနစ်တွင် ဇော်ဝင်းက ရခိုင်အတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ မော်လမြိုင်ကွင်း၌ ကျင်းပသောပွဲတွင် မကွေးအသင်းကSouthernအသင်းကို နှစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မကွေးအသင်းသည် ပထမ ဆုံး နိုင်ပွဲရခဲ့ပြီး ဂိုးများကို ၁၉ မိနစ်တွင် မောင်မောင်စိုး၊ ၈၄ မိနစ်တွင် အောင်မြင့်ထွန်း တို့က သွင်းယူခဲ့သည်။
ပွဲစဉ်(၃) ဒုတိယနေ့အဖြစ် ဇန်နဝါရီ ၂၈ ရက်တွင် အောင်ဆန်းကွင်း၌ ဇွဲကပင်နှင့် မြဝတီ၊ တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီ၊ မုံရွာကွင်း၌ စစ်ကိုင်းနှင့် ရန်ကုန် အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ - ဖိုးသော်ဇင်

No comments:

Post a Comment