Sunday, January 28, 2018

(၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအကောက်ခွန်နေ့ အခမ်းအနားကျင်းပ

Image may contain: 5 people, indoor
ရန်ကုန် ဇန်နဝါရီ ၂၇
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနမှ (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အကောက်ခွန်နေ့ အခမ်း အနားနှင့် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်း များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက်က ရန်ကုန်မြို့ အကောက်ခွန် ဦးစီးဌာန သင်တန်းကျောင်းခန်းမ၌ ကျင်းပ သည်။
၂ဝ၁၈ ခုနှစ် (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အကောက်ခွန်နေ့ အခမ်းအနားကျင်းပခြင်းနှင့်အတူ အကောက်ခွန် ဦးစီးဌာနမှ ထူးချွန်သူ ဝန်ထမ်းများကိုလည်း ဆုများအသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
(၂၇)ကြိမ်မြောက် အကောက်ခွန်နေ့ အခမ်အနားတွင် ဝန်ထမ်းကျင့်ဝတ် ဂုဏ်ပြုဆု ရရှိသူများ၊ (၅)ကြိမ်နှင့်အထက် သွေးလှူဒါန်း ဂုဏ်ပြုဆုရရှိသူများ၊ ဌာနခွဲအလိုက် ပေးအပ် သော တာဝန်ကို တက်တက်ကြွကြွ ကျေပွန်စွာ အကောင်းဆုံးထမ်းဆောင်ခဲ့ကြသော ဝန်ထမ်း စွမ်းဆောင်ရည်ဆုနှင့် လုပ်ငန်းစွမ်းဆောင် ရည်ဆု ရရှိသူများ၊ နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုများ ရရှိသူများအား အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများ၊ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး များ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အကောက်ခွန်ဦးစီးဌာန အနေဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်း၊ အာဆီယံ ပြတင်းတစ်ပေါက်စနစ် (ASEAN Single Window) တို့ကို လိုက်နာအကောင်အထည် ဖော် ဆောင်ရွက်သွားရမည်ဖြစ်ရာ ယင်းစနစ် ကို ဝင်ရောက်ချိတ်ဆက်နိုင်ရေးနှင့် မြန်မာ့ အကောက်ခွန်၏ ထုတ်ကုန်သွင်းကုန် လုပ်ငန်း စဉ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဂျပန် နိုင်ငံ JICA ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာအလို အလျောက်နည်းသုံး ကုန်စည်ရှင်းလင်းရေး စနစ် (MACCS) ကို စတင်ကျင့်သုံးနေပြီဖြစ် သည်။ ယင်းစနစ်သည် အဂတိတရားကင်းရှင်း စေပြီး ပွင့်လင်းမြင်သာသည့်စနစ်ဖြစ်သော ကြောင့် ရန်ကုန်ဧရိယာတွင်သာမက နယ်စပ် ဂိတ်များတွင်လည်း အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
ဝဝ၁

No comments:

Post a Comment