Tuesday, January 2, 2018

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ရုံးအဆောက်အအုံသစ် တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေး

Image may contain: 3 people, people sitting
နေပြည်တော် ဇန်နဝါရီ ၁
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် သည် ဒီဇင်ဘာ ၃၁ ရက်က ကရင် ပြည်နယ် ဘားအံမြို့ရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးရုံး အဆောက်အအုံဆောက် လုပ်သည့်နေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ရှင်းလင်းဆောင်ခန်းမ တွင် တာဝန်ခံ အင်ဂျင်နီယာ ဦးမြင့်သူက အဆောက်အအုံ ဆောက်လုပ်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက အဆောက်အအုံ အရည် အသွေးကောင်းမွန်ရေး၊ အချိန်မီပြီးစီး အောင်ဆောင်ရွက်ရေး၊ ခွင့်ပြုဘဏ္ဍာ ငွေနှင့်အညီ အလေအလွင့်မရှိအောင် တည်ဆောက်ရေးတို့ကို ဆွေးနွေး မှာကြားခဲ့သည်။
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တိုင်းဒေသကြီး၊ ပြည်နယ် ရုံးအဆောက်အအုံများကို ပေ ၈ဝ x ပေ ၆ဝ အရွယ် သံကူကွန်ကရစ် နှစ်ထပ် အဆောက်အအုံများအဖြစ် ကရင်ပြည်နယ် ဘားအံမြို့၊ ကယား ပြည်နယ် လွိုင်ကော်မြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ပဲခူးတိုင်းဒေသကြီး ပဲခူး မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့တို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အအုံဦးစီးဌာနက တာဝန် ယူ၍ (၇၁)နှစ်မြောက် ပြည်ထောင်စု နေ့တွင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment