Tuesday, January 2, 2018

ဆီဆိုင်မြို့နယ်၌ ပန်းချီပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲ ကျင်းပ

Image may contain: 2 people, people sitting
ဆီဆိုင် ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အခြေခံပညာကျောင်းများနှင့်ပူးပေါင်း ၍ နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်း ကျော်ညွန့်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြော ကြားပြီး ဆရာမ ဒေါ်တင်နွဲ့(ငြိမ်း)က အမှတ်ပေးစည်းမျဉ်းများကို ပြောကြား ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများသို့ ဆီဆိုင်မြို့ အခြေခံပညာကျောင်းများမှ ကျောင်း သား ကျောင်းသူ ၂၂ ဦး ပါဝင် ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)

No comments:

Post a Comment