Wednesday, January 3, 2018

ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးရေးအတွက် ထရန်စဖော်မာများ ပေးအပ်လှူဒါန်း

Image may contain: 6 people, people standing
နေပြည်တော် ဇန်နဝါရီ ၂
ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးရေးနှင့် အခြားအရေးကြီးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်Asia General Electric Co.,Ltd နှင့် Hitachi Soe Electric Co.,Ltd တို့မှ ထုတ်လုပ်သော ထရန်စဖော်မာများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည်။
အဆိုပါ ထရန်စဖော်မာများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်း အတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားတိုး မြှင့်ဖြန့်ဖြူးရေးနှင့် အခြားအရေးကြီး လုပ်ငန်းများတွင် အသုံးပြုရန်အတွက်Asia General Electric Co.,Ltd နှင့် Hitachi Soe Electric Co.,Ltd တို့မှ ထုတ်လုပ်သော ထရန်စဖော်မာများ ပေးအပ်လှူဒါန်းပွဲ နှင့် ကျေးဇူးတင်မှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနား ဖြစ်ပါကြောင်း၊ ပြည်သူများ လျှပ်စစ်ဓာတ်အားကို အရည်အသွေးပြည့်ဝစွာဖြင့် စဉ်ဆက်မပြတ်အန္တရာယ် ကင်းစွာသုံးစွဲနိုင်ရန် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ပြည်သူ များအတွက် ၃၉ ရာခိုင်နှုန်း ဓာတ်အားရရှိရေးဆောင်ရွက် ပြီးစီးပြီ ဖြစ်ပါကြောင်း၊ ၂ဝ၃ဝ ပြည့်နှစ်တွင် ရာခိုင်နှုန်းပြည့် ဓာတ်အားရရှိနိုင်ရေး ရည်မှန်းချက်ထား ကြိုးပမ်းဆောင် ရွက်လျက်ရှိပါကြောင်း၊ ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင် ကြီးများပါ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက်JV, MOU, MOAများ လက်မှတ်ရေးထိုးပြီး ပြည်သူများကို ထိခိုက်မှုအနည်းဆုံးနှင့် အကျိုးဖြစ်ထွန်းမှုအများဆုံး ရရှိ နိုင်သည့် စီမံကိန်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဓာတ်အားပို့လွှတ်ရေးအပိုင်းတွင် မိတ္ထီလာ-တောင်ငူ ၅ဝဝ ကေဗွီ မဟာဓာတ်အားလိုင်း ကြိုးဆွဲခြင်း လုပ်ငန်းကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း။
၂၃ဝ ကေဗွီ ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်နိုင်ရန် နှစ်စဉ် နိုင်ငံတော်ဘတ်ဂျက်နှင့် ချေးငွေများရရှိရေး ဆောင်ရွက်နေကြောင်း၊ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် နိုင်ငံတော်မှ နေ့စဉ် ငွေကျပ် ၁ ဒသမ ၂ ဘီလီယံခန့် အရှုံးခံ စိုက်ထုတ်ပေးလျက်ရှိကြောင်း၊ ဓာတ်အားဖြန့်ဖြူးမှုအပိုင်း တွင်လည်း ရန်ကုန်နှင့်မန္တလေးတို့တွင် ကော်ပိုရေးရှင်းများ ဖွဲ့စည်းလျက် နိုင်ငံတော်၏ အထောက်အပံ့ကင်းစွာဖြင့် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတော်မှ လျှပ်စစ်ကဏ္ဍတွင် စိုက်ထုတ်ဆောင်ရွက်ရမှုမရှိစေရန်နှင့် ဓာတ်အားသုံးစွဲသူ ပြည်သူများက အရည်အသွေးပြည့်ဝသော လျှပ်စစ်ကို စဉ်ဆက်မပြတ် အန္တရာယ်ကင်းစွာဖြင့် သုံးစွဲနိုင်ရေး နည်းလမ်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ကျန်ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင်လည်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းမှ ဓာတ်အားဖြန့်ဖြူးမှု ကိစ္စရပ်များကို ဆောင် ရွက်လျက်ရှိရာ ဓာတ်အားစနစ်ကျယ်ပြန့်စွာ ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
ယနေ့လက်ခံရရှိသော ထရန်စဖော်မာများအား နိုင်ငံ တော်ဘတ်ဂျက်ဖြင့် မဆောင်ရွက်နိုင်သော ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယခုလို ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူး နိုင်ရေးအတွက်Asia General Electric Co.,Ltd နှင့်Hitachi Soe Electric Co.,Ltd တို့မှ ထုတ်လုပ်သော ထရန်စဖော်မာများအား သဒ္ဓါစိတ်အားထက်သန်စွာ ပေးအပ်လှူဒါန်းခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ လုံခြုံရေးနှင့်အေးချမ်းတည်ငြိမ်ရေးကို အထောက်အကူဖြစ်စေသည့်အပြင် လူမှုဘဝတိုးတက်မြင့် မားရေးအတွက်လည်း တစ်တပ်တစ်အား အကူအညီဖြစ်စေ မှာဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ကျေးဇူးတင်မှတ်တမ်း လွှာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment