Wednesday, January 3, 2018

စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများသို့ အသေးစားအရင်းအနှီး ငွေကျပ် ၅၅၄၄၈ဝ ဒသမ ၈၃၂ သန်း ထုတ်ချေး

Image may contain: 1 person, indoor
နေပြည်တော် ဇန်နဝါရီ ၂
မြန်မာနိုင်ငံတွင် ယနေ့အထိ ဖွဲ့စည်း ပြီး သမဝါယမအသင်းပေါင်း ၄ဝဝဝဝ ကျော်က လယ်ယာကဏ္ဍဖွံ့ဖြိုးရေး အတွက် အမှန်တကယ် ထိထိရောက် ရောက် လုပ်ဆောင်ပေးနေသကဲ့သို့ တစ်ဖက်ကလည်း သမဝါယမ လုပ်ငန်းများ၏ အနှစ်သာရများ၊ စုပေါင်းဆောင်ရွက်မှု၏ အားသာချက် များကို အသင်းသား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိအောင် သတင်းမီဒီယာများတွင် ပွင့်ပွင့် လင်းလင်း ထင်သာမြင်သာရှိအောင် ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း ယနေ့နံနက် ၉ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ် (၁၆) ၌ ကျင်းပသည့် စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်း များသို့ အသေးစား အရင်းအနှီး ထုတ်ချေးပေးခြင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ သမဝါယမ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ သမဝါယမဦးစီးဌာနနှင့် သမဝါယမ အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
လယ်ယာသုံးစက်ကိရိယာများအား အရစ်ကျ ငွေပေးချေစနစ် (Hire Purchase System) ဖြင့် သမဝါယမ အသင်းပေါင်း ၈၂၃ သင်း၊ အသင်း သားတောင်သူ ၅၂၉ဝ သို့ ငွေကျပ် ၃၈ ဒသမ ၇၆၇ ဘီလီယံရှိ စက်ကိရိယာ ၅၆၁၃ စီးကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးထားပြီး ဖြစ်သကဲ့သို့ စနစ်တကျ စက်မှုလယ်ယာမြေ အဆင့်မြှင့်တင်ဖော်ထုတ်ပေးခြင်း အနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် တွင် မူလလျာထားသည့် ၂၉ဝဝ၁ ဧကမှ ယနေ့အထိ ၉၆ဝ၅ ဧက အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးနေပြီ ကျန်ရှိသည့် ၁၉၃၉၆ ဧကကို ပွင့်လင်းရာသီတွင် ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်သည်။
ယနေ့ အခမ်းအနားတွင် သမဝါယမအသင်းသား တောင်သူ လယ်သမားများအား ဆက်လက် ထုတ်ချေးပေးနိုင်ရန်အတွက် တိုင်း ဒေသကြီး၊ပြည်နယ် သမဝါယမ အသင်းစုချုပ် ၁၅ သင်းသို့ အသေးစား အရင်းအနှီးချေးငွေ ကျပ် ၅၃၅၉၈၁ ဒသမ ၆၉၃ သန်း၊Hire Purchase စနစ်ဖြင့် စက်ကိရိယာများ ရောင်းချပေးမှု ငွေကျပ် ၇၇၂၅ ဒသမ ၁၇၁ သန်း၊ လယ်ယာမြေ ၂၉ဝဝ၁ ဒသမ ၇၉ ဧက အဆင့်မြှင့်တင်ခြင်း အတွက် ငွေကျပ် ၈၃၂၁ ဒသမ ၁၆၈ သန်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များ ရှိ မျိုးစေ့ထုတ်လုပ်ရေးသမဝါယမ အသင်း ၈၉ သင်း၊ စိုက်ပျိုးဧက ၈၁၇၆ ဧကအတွက် ငွေကျပ် ၂၄၅၂ ဒသမ ၈ သန်း စုစုပေါင်းငွေကျပ် ၅၅၄၄၈ဝ ဒသမ ၈၃၂ သန်းကို ထုတ်ချေးပေးခဲ့ ကြောင်းနှင့် အဆိုပါချေးငွေများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ EXIM Bank ထံမှ ချေးငွေများအား စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမ အသင်းများ သို့ နဝမအကြိမ်မြောက်အဖြစ် အသေးစား အရင်းအနှီးထုတ်ချေး ပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment