Wednesday, January 3, 2018

သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား


Image may contain: sky and night
ရန်ကုန် ဇန်နဝါရီ ၂
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်၌ ယနေ့နံနက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၃ နာရီခန့်က သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေး ရပ်ကွက် မြယမုံ(၄)လမ်း လမ်းသွယ်(၂)နေ ဒေါ်မင်းမင်းဇော်(ခ)ဒေါ်မြခြယ်ဇော် ၏ နေအိမ်နှစ်ထပ်တိုက်အပေါ်ထပ်ဧည့်ခန်းအတွင်း တီဗွီစင်နောက်ဘက်ရှိ မီးပလတ်ခုံတွင် တယ်လီဖုန်း၊ လက်ဆွဲမီးအိမ်၊ တီဗွီကြိုးများစုပုံ၍ အားသွင်းထား ရာမှ အပူလွန်ကဲပြီး အနီးရှိစာအုပ်စင်သို့ မီးကူးစက်ရာမှ မီးစတင်လောင်ကျွမ်း ခြင်းဖြစ်သည်။ အဆိုပါမီးလောင်မှုကြောင့် နှစ်ထပ်တိုက်အတွင်းရှိ အပေါ်ထပ် ဧည့်ခန်းမှ မျက်နှာကြက်များ၊ စာအုပ်စင်၊ တီဗွီနှစ်လုံး၊ အဲကွန်းတစ်လုံး၊ ဖုန်းနှစ်လုံး၊ Receiver နှင့် အဝတ်အစားအနည်းငယ် မီးလောင်ခဲ့ကြောင်း သိရသည်။
မီးလောင်ရာနေရာသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်္ဃန်းကျွန်း မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီးအပါအဝင် မီးငြှိမ်းသတ်ယာဉ် ၁၄ စီး၊ အထောက်အကူပြုယာဉ် လေးစီး၊ ကွပ်ကဲမှုယာဉ်သုံးစီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၁၂၄ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ဝ တို့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြရာ၂၅ မိနစ်အကြာတွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၃ နာရီခွဲတွင် မီးငြိမ်းသွားကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ပိုင်ရှင် ဒေါ်မင်းမင်းဇော်(ခ)ဒေါ်မြခြယ်ဇော်အား သင်္ဃန်းကျွန်းမြို့မရဲစခန်းက အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ပွင့်သစ္စာ

No comments:

Post a Comment