Tuesday, January 2, 2018

ရွှေတိဂုံစေတီတော်မြတ်ကြီး ဆွမ်းဆန်စိမ်းလောင်းလှူရာ စောင်းတန်းများတစ်လျှောက် ပါဝင်လှူဒါန်းခဲ့သူများ၏ ပီတိစကားသံများ


Image may contain: 1 person, smiling
==========
ရန်ကုန် ဇန်နဝါရီ ၁
သာသနာနှစ်(၂၅၆၁)တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရက ကြီးမှူး၍ ပထမအကြိမ် ပြုလုပ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါ ဘိသေက အနေကဇာတင် မဟာ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၆ နာရီက ကျင်းပသည်။ ပင့်သံဃာတော် အပါး ၁၈ဝဝဝ တို့အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ အရှေ့ဘက် စောင်းတန်း၊ တောင်ဘက်စောင်းတန်း၊ အနောက်ဘက် စောင်းတန်းနှင့် မြောက်ဘက်စောင်းတန်းတို့၌ ကျင်းပ ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဆွမ်း ဆန်စိမ်းလောင်းလှူရာ စောင်းတန်း များတစ်လျှောက် အလှူဒါနပြုကြသူ များနှင့် ပြည့်ကျပ်လျက်ရှိရာ ပါဝင် လှူဒါန်းခဲ့သူများ၏ ပီတိစကားသံ များကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဦးကျော်ဟိန်း(ချမ်းဟိန်းကုမ္ပဏီ ဥက္ကဋ္ဌ) အရှေ့ဘက်မုခ်စောင်းတန်း
ဟိုတုန်းကတည်းက ရင်ထဲမှာ ဖြစ်နေတဲ့ဆန္ဒပါ။ အရင်က ဆွမ်းတွေ လောင်းလှူခဲ့ပါတယ်။ အရပ်ရှစ်မျက်နှာ ကလာတဲ့ သံဃိကဒါနပေါ့။ ဘယ်သံဃာရယ်လို့ မရည်ရွယ်ဘဲ သံဃာအကုန်ကို ဆွမ်းလောင်းလှူခဲ့ ပါတယ်။ အခုလို ကြုံတောင့်ကြုံခဲ ရွှေတိဂုံစေတီတော်ကြီးမှာ သံဃာ အပါး ၁၈ဝဝဝ နဲ့ အနေကဇာတင်တဲ့ အချိန်မှာ ဆွမ်းကပ်ခွင့်ရတဲ့အတွက် အလွန်ကို ပီတိဖြစ်မိပါတယ်။ ဒီပွဲမှာ သံဃာတော်တွေအတွက်ရော ဗုဒ္ဓ ဘာသာအတွက်ပါ သာသနာအထောက် အပံ့အဖြစ် လှူဒါန်းခွင့်ရတဲ့အတွက် ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ဆန္ဒတွေ အောင်အောင်မြင်မြင် လှူခွင့်ရတာကို အတိုင်းမသိ ဝမ်းမြောက်မိပါတယ်။
ဦးတင်ဦး(ပါရမီရှင်သင်္ကန်းတိုက်) အရှေ့ဘက်မုခ်စောင်းတန်း
သံဃာအပါး ၄၅ဝဝ ကို နေ့ဆွမ်း ကပ်ခွင့်ရတာပါ။ ဘုရားအနေကဇာ တင်ပွဲနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲမှာ တတ်အားသရွေ့ ကုသိုလ်ယူတာ ပါ။ ဒီလို လှူဖြစ်တာကလည်း ကိုယ့် တစ်သက်မှာ ကြုံတောင့်ကြုံခဲ သံဃိကဒါနပွဲလည်းဖြစ်ပါတယ်။ ဟို တုန်းကတည်းက ဒီလိုလှူဖို့ စိတ်ကူး တွေရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ကလည်း ကုသိုလ်ပါဝင်ဖို့ တိုက်တွန်း လှုံ့ဆော်တဲ့အတွက် ချမ်းဟိန်းကုမ္ပဏီ မိသားစုနဲ့ ပေါင်းစပ်ပြီး ဒါနလေး လုပ်ကြတာပါ။ ဒီလိုလုပ်တဲ့အတွက် ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို လောင်းလှူတာနဲ့ အတူတူပါပဲ။ ပစ္စည်းလေးပါး အထောက်အပံ့လည်း ဖြစ်ပါတယ်။ ကိုယ်ရတဲ့ ကုသိုလ် အစုစုကိုလည်း ဝေနေယျသတ္တဝါ အားလုံးကိုလည်း အမျှပေးဝေပါတယ်။
ဒေါ်သီတာတင်(ပါရမီရှင်သင်္ကန်းတိုက်) အရှေ့ဘက်မုခ်စောင်းတန်း
အန်တီ့အနေနဲ့လည်း သံဃာတွေ ကို ဆွမ်းလောင်းလှူဖို့ ဆန္ဒတွေဖြစ်နေ ခဲ့တာ ကြာပါပြီ။ စာသင်တိုက်တွေမှာ တော့ လှူဖြစ်ပါတယ်။ ဒီလိုပွဲကြီးကို တော့ အန်တီတို့ အသက်တွေကြီးလာ ပေမယ့် တစ်ခါမှလည်း မကြုံဖူးဘူး။ ဒီပွဲကြီးရှိတာသိတော့ လှူချင်စိတ်တွေ ဖြစ်ပေါ်လာတယ်။ အဲဒါနဲ့ ချမ်းဟိန်း ကုမ္ပဏီမိသားစုနဲ့တိုင်ပင်ပြီး တစု တစည်းတည်း လှူဖြစ်တာပါ။ ဗုဒ္ဓါ ဘိသေကပွဲမှာဆိုရင်လည်း သံဃာတွေ အများကြီးကို ဖူးတွေ့ရတဲ့အခါမှာ အလွန်ကို ပီတိဖြစ်ပြီးတော့ ပြောမပြ တတ်အောင် ဝမ်းမြောက်မိပါတယ်။
ဒေါ်နန်းမောက်လောက်ဝ်ဆိုင်(ရွှေသံလွင်အုပ်စု) တောင်ဘက်မုခ် စောင်းတန်း
ရွှေသံလွင်မိသားစုအနေနဲ့ အမြဲ တမ်း လှူဖြစ်သလို ဒီတစ်ခါကတော့ ထူးထူးခြားခြား လှူဖြစ်တာပါ။ ဘာလို့ လဲဆိုတော့ သံဃာအပါး ၁၈ဝဝဝ ဆို တာ လှူရခဲပါတယ်။ ရွှေတိဂုံစေတီ တော်ပေါ်မှာ လှူရတဲ့အတွက် ပိုထူးခြား သွားတယ်။ လှူရတဲ့ ရည်ရွယ်ချက် ကလည်း နှစ်သစ်ကို ပြောင်းသွားတဲ့ အခါ ကောင်းတဲ့ အတိတ်နိမိတ်ကို ဆောင်တယ်လို့လည်း ရည်ရွယ်ပါ တယ်။ စတုဒိသာ ကျွေးရတယ်ဆိုတာ ကလည်း မွန်မြတ်တဲ့ အလုပ်တစ်ခုပါ။ ဘာသာရေးဘက်က ကြည့်မယ်ဆိုရင် လည်း ဘာသာ သာသနာတည်တံ့ ခိုင်မြဲဖို့ တစ်ထောင့်တစ်နေရာကနေ ပါဝင်လှူဒါန်းတာပါ။
ဦးဇော်ထွန်းအောင်(စေပိုင်ဖွံ့ဖြိုးမှုကုမ္ပဏီ) အနောက်ဘက်မုခ်စောင်းတန်း
အနောက်ဘက်မုခ်မှာ သံဃာအပါး ၄၅ဝဝ ဆွမ်းကပ်နိုင်ဖို့ တာဝန်ပေးတဲ့ အတွက် သဒ္ဓါတရားထက်သန်စွာ ပါဝင်လှူဒါန်းဖြစ်ခဲ့ပါတယ်။ နှစ်သစ် ကူး အချိန်အခါနဲ့ ပြာသိုလပြည့်နေ့ဟာ လည်း ထူးထူးခြားခြား တိုက်ဆိုင်နေပါ တယ်။ ဒီလိုပွဲမျိုးမှာ လှူဒါန်းရတာ အင်မတန်ကုသိုလ်ထူးပါတယ်။ ဒီလိုပွဲ ကြီးမှာ ပါဝင်လှူဒါန်းခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ပါတယ်။ နောင်လည်း ဘာသာ သာသနာအတွက် လှူဒါန်းမှု အစုစုကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒေါ်နီနီမာ(ဒု-ဥက္ကဋ္ဌ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်း) မြောက်ဘက်မုခ်စောင်းတန်း
စကားလုံးနဲ့ ဖော်ပြလို့မရနိုင်အောင် အလွန်ကို ဝမ်းသာကြည်နူးရပါတယ်။ ဒီပွဲကြီး မတိုင်ခင်ကတည်းက ရင်ထဲ မှာ တသိမ့်သိမ့်နဲ့ ခံစားခဲ့ရတဲ့ပီတိ ပေါ့။ အခုလည်း အဲဒီ ပီတိကို ခံစားနေ ရတုန်းပါပဲ။ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ဆိုတဲ့အတိုင်း ဗုဒ္ဓသာသနာကို ထွန်းတောက်စေတဲ့ ဒီလိုလှူဒါန်းပွဲ ကြီးကို တစ်ခါမှ မမြင်ဖူးဘူး။ ဒီနေ့ဆို ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ မေတ္တာ ကွန်ရက်နှလုံးသားအဖွဲ့နဲ့အတူ တရား ဓမ္မတွေကို ရွတ်ဖတ်ပူဇော်ပြီး ကုသိုလ် ယူကြတယ်။ စတုဒိသာကျွေးကြတယ်။ အခုလို ကိုယ်တိုင်ပါဝင်လှူဒါန်းခွင့် ရတဲ့အတွက်လည်း ဝမ်းသာပါတယ်။
တွေ့ဆုံမေးမြန်း-ခင်ဇာလီ၊ အေးမင်းသူ ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment