Tuesday, January 2, 2018

မြေနီတောင်စေတီတော်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ

Image may contain: 6 people, people standing, child and outdoor
နေပြည်တော် ဇန်နဝါရီ ၁
လယ်ဝေးမြို့နယ် နေပြည်တော်လေဆိပ်အနီး တည်ထား ကိုးကွယ်သော မြေနီတောင်စေတီတော်ကြီး ရွှေထီးတော်တင် လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာ မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ အေလာမြို့ မြို့သစ်ဓမ္မရက္ခိတကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိမလ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ အမှူး ပြုသော ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အေလာမြို့ မြို့သစ်ဓမ္မရက္ခိတကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိမလထံမှ ၈ ပါးသီလ ခံယူဆောက်တည်ကြပြီး မေတ္တသုတ် ပရိတ်တရားတော်များ နာယူကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)နှင့် တာဝန်ရှိသူများက ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့် နှင့် လှူဖွယ်ပစ္စည်းများအား သံဃာတော် အရှင်သူမြတ်များ ထံ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် အေလာမြို့ ဂိုဏ်းထောက်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဥာဏိဿရထံမှ အနုမောဒနာတရား နာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်အား ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်သုံးကြိမ် လှည့်လည်ပူဇော်ကြသည်။
ဆက်လက်၍ ရွှေထီးတော်ဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင် တင်လှူပူဇော်ကြသည်။
ထို့နောက် သံဃာတော်များက စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော် မူကြသည်။ အခမ်းအနားအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သံဃာတော် များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment