Thursday, January 4, 2018

ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်ပွဲအခမ်းအနားကျင်းပ

Image may contain: 1 person, on stage and indoor
ရန်ကုန် ဇန်နဝါရီ ၃
ရွှေတိဂုံစေတီတော်တွင် ဇန်နဝါရီ ၁ ရက် က ကျင်းပခဲ့သည့် ပင့်သံဃာအပါး ၁၈ဝဝဝ ဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန် စိမ်းလောင်းလှူပွဲ အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည့် အောင်ပွဲမင်္ဂလာအခမ်းအနား ကို ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက ရွှေတိဂုံ စေတီတော် တောင်ဘက်မုခ်ရှိ ပတ္တမြား ဗိမာန်၌ ကျင်းပခဲ့သည်။
အဆိုပါ အောင်ပွဲအခမ်းအနားသို့ ပြည်တွင်း ပြည်ပ သာသနာပြု၊ ရန်ကုန် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တဣဒ္ဓိဗလ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ နိုင်ငံ စွမ်းဆောင်ရည်ဆု၊ ဇေယျာလူမှုထူးချွန်ဆု၊ ကမ္ဘာ့ငြိမ်းချမ်းရေးစေတမန်ဆု ဆရာ တော်က သြဝါဒကထာ ချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားကြီး အောင်အောင်မြင်မြင် ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ခဲ့မှုနှင့် ပတ်သက်၍ မိန့်ကြားပေးခဲ့သည်။
ဗုဒ္ဓသာသနာနှင့် ရွှေတိဂုံစေတီတော် ကြီး၏ သမိုင်းတွင် ခမ်းနားအောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအပေါ် မိန့်ကြားခဲ့ပြီး ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ရွှေတိဂုံစေတီတော်ကြီး၏ မုခ်လေးမုခ်၌ အများသူငါ အလှူရှင်များ၏ လှူဒါန်းမှု ငွေသားသီးသန့် ကျပ်သိန်းပေါင်း ၂ သောင်းကျော်အထိ ရရှိခဲ့သည့် သဒ္ဓါ ထက်သန်ခဲ့သော လှူဒါန်းမှုကြီးဖြစ် ကြောင်း မိန့်ကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မင်္ဂလာ အောင်ပွဲအခမ်းအနားနှင့် ပတ်သက်၍ ဆရာတော်ကြီးများအား တင်ပြလျှောက် ထားမှုများ ပြုလုပ်ခဲ့ပြီး အခမ်းအနား အောင်မြင်ခြင်းအတွက် အဘက်ဘက်က ပါဝင်သူများကို ကျေးဇူးတင်လွှာ ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ အခမ်း အနားတွင် ပါဝင်ခဲ့သည့် သံဃာတော်များ၊ ကျောင်းတိုက်များ၏ အမည်များကို မှတ်တမ်းပြုလုပ်ကာ စာအုပ်ထုတ်ဝေ သွားမည်ဖြစ်ကြောင်းနှင့် ငွေစာရင်း ရှင်းတမ်းများကိုလည်း ထည့်သွင်းဖော်ပြ သွားမည်ဖြစ်ကြောင်း လျှောက်ထားခဲ့သည်။
အဆိုပါ မင်္ဂလာအောင်ပွဲ အခမ်းအနား ကို ရွှေသံလွင်ကုမ္ပဏီ၏ ပတ္တမြားဗိမာန် တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်း အနားတစ်လျှောက် ရိုက်ကူးထုတ်လွှင့်ခဲ့ သော မှတ်တမ်းများကို တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ရွှေသံလွင် ကုမ္ပဏီမှ တာဝန်ရှိသူကလည်း တင်ပြ လျှောက်ထားခဲ့သည်။ အခမ်းအနား အပြီးတွင် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုကာ ပိတ်သိမ်းခဲ့ပြီး ဆရာတော် ကြီးများအား ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ သည်။
ဝဝ၁

No comments:

Post a Comment