Sunday, January 28, 2018

တိပိဋကဓရဘွဲ့ရ အရှင်သေဋ္ဌဉာဏာလင်္ကာရ၏ ထေရုပ္ပတ္တိအကျဉ်း

Image may contain: 1 person, closeup
ဖွားရာဇာတိနှင့် ဖွားသက္ကရာဇ်
အရှင်သေဋ္ဌဥာဏာလင်္ကာရသည် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ရွာဗုကြီးရွာ ခမည်းတော် ဦးတင်စော- မယ်တော် ဒေါ်အုံးခတို့မှ ၁၃၄ဝ ပြည့်နှစ် တပေါင်းလပြည့်ကျော် ၄ ရက် (သောကြာနေ့)တွင် ဖွားမြင် သော သားရတနာ ဖြစ်သည်။
ဥပသမ္ပဒမင်္ဂလာ
၁၃၆၁ ခုနှစ် တန်ခူးလပြည့်ကျော် ၁၁ ရက် (တနင်္ဂနွေနေ့)တွင် ၇ မိုင် စော်ဘွားလေးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဣန္ဒာစာရကို ဥပဇ္ဈာယ်ပြုလျက် ရဟန်းအဖြစ်သို့ ရောက်ရှိသည်။
ကျေးဇူးရှင်ဆရာတော်များ
ရွာဗုကြီးရွာ ဥပ္ပလ္လင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘဏ၊ ၇ မိုင် စော်ဘွားလေးကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစာရနှင့် စာချဘုန်းတော်ကြီး များ၊ ကမ္ဘာအေး တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက် ပဓာနနာယက တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမင်္ဂလာလင်္ကာရ၊ ဘဒ္ဒန္တကဝိဓဇ၊ အရှင်ဥာဏကုသလ(ဥဘတော ဝိဘင်္ဂကောဝိဒ)၊ အရှင်စန္ဒန (ဒွိပိဋကကောဝိဒ၊ မူလအာဘိဓမ္မိက)၊ အရှင်ပညာဝံသာလင်္ကာရ (ဒွိပိဋက ကောဝိဒ၊ မူလအာဘိဓမ္မိက)၊ အရှင်သိရိဒတ္တာလင်္ကာရ (ဒွိပိဋကကောဝိဒ) ရွှေနံ့သာစံပြကျေးရွာ တိပိဋကမဟာဂန္ဓာရုံ ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသီတလ(ဒွိပိဋကဓရ)၊ အရှင်ဝါသေဋ္ဌာလင်္ကာရ (တိပိဋက ဓရ)၊ ဗဟန်းပါဠိတက္ကသိုလ် ညောင်တုန်းတိုက် ပဓာနနာယက ဘဒ္ဒန္တ သောဘဏ (အဘိဓဇမဟာရဋ္ဌဂုရု)၊ ဘဒ္ဒန္တတေဇနိယ(ပဋ္ဌာန်းအလင်းရောင်)၊ ဘဒ္ဒန္တပဝရာဘိဝံသ၊ ဘဒ္ဒန္တနာရဒါဘိဝံသ(သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာ)နှင့် စာချဘုန်းကြီးများ၊ ရန်ကင်းတောင်ဥယျာဉ်စာသင်တိုက် ဆရာတော် ဘဒ္ဒန္တဇောတိက(အမ်အေ)နှင့် ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်း တိပိဋက မဟာဂန္ထဝင်နိကာယ်ကျောင်းတိုက် ပဓာနနာယက တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၊ ဘဒ္ဒန္တသြဘာသာ ဘိဝံသ (ဒွိပိဋကကောဝိဒ၊ ဝိသိဋ္ဌမူလအာဘိဓမ္မိက) စသော စာချဘုန်းတော်ကြီးများထံတွင် ပိဋကတ်စာပေများကို သင်ကြားခဲ့ ပါသည်။
အမြင့်ဆုံးအောင်မြင်ခဲ့သော စာမေးပွဲများ
ဂဏဝါစကသာမဏေကျော်၊ ပရိယတ္တိသာသနာလင်္ကာရသာမဏေကျော်၊ ပရိယတ္တိသဒ္ဓမ္မ ရက္ခိတ သာမဏေကျော်၊ မင်္ဂလာဗျူဟာသာမဏေကျော်၊ ပရိယတ္တိသာသနဟိတသာမဏေကျော်ဘွဲ့များ၊ ၁၃၆၁ ခုနှစ် ပထမကြီးတန်း (ရန်ကုန်တိုင်းဒေသကြီး ပထမ၊ တစ်နိုင်ငံလုံး ဒုတိယ)သာသနဓဇဓမ္မာစရိယ၊ နိကာယုဇ္ဇောတက ဝိနယဓရ ဓမ္မာစရိယ၊ နိကာယုဇ္ဇောတကအတ္ထဝိသာရဒ ဒီဃဘာဏက၊ နိကာယဝုဍ္ဎိသမိတိဝိနယကောဝိဒ၊ နိကာယဝုဍ္ဎိသမိတိ ဒီဃနိကာယကောဝိဒ၊ ပရိယတ္တိသာသနဟိတဝိနယဓရ၊ ပရိယတ္တိသာသန ဟိတဒီဃဘာဏက၊ ကျောင်းတိုက်စာမေးပွဲ မဟာဂန္ထဝံသဒီဃာဂမ၊ မဟာ ဂန္ထဝံသ မူလအဘိဓမ္မာဂမ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ အဘိဓမ္မဝိဒူ-၁/၂၊ ဝိနယဓရ၊ ဝိနယကောဝိဒ၊ ဒီဃဘာဏက၊ ဒီဃနိကာယကောဝိဒ၊ မူလ အာဘိဓမ္မိက၊ မူလအဘိဓမ္မကောဝိဒနှင့် နိကာယ်စာမေးပွဲ အသီးသီးတို့ကို လည်း အောင်မြင်ခဲ့သည်။
အာဘိဓမ္မိကဘွဲ့လက်မှတ်
၁၃၇၉ ခုနှစ် အကြိမ်(၇ဝ)မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ အာဂုံပြန်ဆိုပွဲတွင် အဘိဓမ္မပိဋက အဘိဓမ္မာဒုတိယပိုင်း နှစ်ကျမ်း အာဂုံပြန်ဆိုပွဲ၌ ပြန်ဆိုအောင်မြင်သောကြောင့် အာဘိဓမ္မိက ဘွဲ့တံဆိပ်တော်၊ ၎င်းအောင်လက်မှတ်နှင့် အရိုးနီကနက္ကဒဏ်ထီးဖြူတော် သုံးလက်တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်တို့ကို ခံယူရရှိတော် မူမည်ဖြစ်သည်။
တိပိဋကဓရ ဘွဲ့တံဆိပ်တော်
ယခုအခါ အရှင်သေဋ္ဌဥာဏာလင်္ကာရသည် သင်ရိုးပိဋကသုံးပုံလုံးကို အာဂုံပြန်ဆို အောင်မြင်ပြီးဆုံးပြီဖြစ်သဖြင့် တိပိဋကဓရ ဘွဲ့တံဆိပ်တော်၊ ၎င်းအောင်လက်မှတ်နှင့် အရိုးနီကနက္ကဒဏ်ထီးဖြူတော် သုံးလက်တံဆိပ် ပါရှိသော သာသနာ့အောင်လံတော်တို့ကို အလှူခံရရှိတော်မူမည်ဖြစ်သည်။

No comments:

Post a Comment