Thursday, January 25, 2018

ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒကို လက်ကိုင်မထားကြရန် ဝန်ကြီးချုပ်မိုဒီ ပြောကြား

Image may contain: 1 person, text
ဒါဗို့စ် ဇန်နဝါရီ ၂၄
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့ တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ကိုယ်ကျိုး စီးပွားကာကွယ်ရေးမူဝါဒကို လက်ကိုင်မထားကြရန် ဖိုရမ် သို့ တက်ရောက်သည့် စီးပွားရေးနှင့် နိုင်ငံရေးခေါင်းဆောင် များအား တိုက်တွန်းပြောကြားခဲ့ကြောင်း ယနေ့သတင်း တစ်ရပ်အရ သိရသည်။
ဇန်နဝါရီ ၂၃ ရက်က ကမ္ဘာ့စီးပွားရေးဖိုရမ်ဖွင့်ပွဲ အခမ်းအနားတွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီက အဖွင့်မိန့်ခွန်း ပြောကြားရာ၌ အထက်ပါကိစ္စရပ်နှင့် ပတ်သက်ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံအနေဖြင့် ရေရှည်ခိုင်မြဲသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ကာ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့သည်။
လူဦးရေ ဒုတိယအများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယ နိုင်ငံသည် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများကို ကျော်တက်ကာ ကမ္ဘာ့စီးပွားရေး အတောင့်တင်းဆုံး နိုင်ငံများစာရင်းတွင် အဆင့်ငါးအဖြစ် စာရင်းဝင်လာနိုင်ဖွယ်ရှိကြောင်း ဝန်ကြီး ချုပ် မိုဒီက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ် မှုသည် နှစ်၂ဝ အတွင်း ခြောက်ဆကျော် မြင့်တက်လာခဲ့ ကြောင်းနှင့် လွန်ခဲ့သော နှစ် ၂ဝ က အိန္ဒိယဝန်ကြီးချုပ် တစ်ဦး ဒါဗို့စ်မြို့သို့ နောက်ဆုံးအကြိမ် လာရောက်ခဲ့ကြောင်း ဝန်ကြီးချုပ် မိုဒီက ဆိုသည်။
ယခုလက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံများရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဘေး အန္တရာယ်များ၊ အကြမ်းဖက်မှုများနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်မှုမူဝါဒများ ကျင့်သုံးလာခြင်းစသည့် ပြဿနာများ ကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းများ ရှာဖွေသင့် ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment