Tuesday, January 30, 2018

တရုတ်(တိုင်ပေ)တွင် ရေနံချက်စက်ရုံ ပေါက်ကွဲမီးလောင်

Image may contain: cloud, sky and outdoor
တိုင်ပေ ဇန်နဝါရီ ၂၉
တရုတ်(တိုင်ပေ) တောင်ယွန်းမြို့ရှိ ရေနံချက် စက်ရုံတစ်ရုံ၌ ဇန်နဝါရီ ၂၉ ရက် ဒေသစံ တော်ချိန် နံနက် ၆ နာရီ ၄၂မိနစ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့် ရေနံချက်စက်ရုံ သို့ မီးသတ်ယာဉ်အစီး ၄ဝကျော်ကို စေလွှတ် ခဲ့ပြီး မီးကိုထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ပေါက်ကွဲ မှုကြောင့် သေကျေထိခိုက်မှုဖြစ်ပွားသည့် သတင်းများ ထွက်ပေါ်ခြင်း မရှိကြောင်း သတင်းတွင် ဖော်ပြသည်။
တုန်ခါ
ပြင်းထန်သော ပေါက်ကွဲသံကြီးကို မိမိတို့ ကြားလိုက်ရကြောင်း ယင်းရေနံချက်စက်ရုံ အနီး၌ နေထိုင်ကြသူများက ပြောကြားသည်။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်သည့် တုန်ခါမှုမှာ မြေငလျင်လှုပ်ရှားသကဲ့သို့ဖြစ်ကြောင်း ဒေသခံ များက ပြောကြားကြသည်။
ပေါက်ကွဲမှုဖြစ်ပွား
ရေနံချက်စက်ရုံပေါက်ကွဲရသည့် အကြောင်း ရင်းမှာ စက်ရုံတွင်တပ်ဆင်ထားသည့် ပိုက်လုံး တစ်လုံး ကွဲအက်မှုကြောင့် ဖြစ်သည်ဟု ကနဦးစုံစမ်းစစ်ဆေးမှုအရသိရသည်။ အဆိုပါ ရေနံချက်စက်ရုံကို ပိုင်ဆိုင်သည့်ကုမ္ပဏီက နှစ်စဉ်ပြုလုပ်သည့် ထိန်းသိမ်း ပြုပြင်ရေး လုပ်ငန်းကို ပြုလုပ်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၉ ရက် နံနက်အစောပိုင်းတွင် စက်ရုံပြန်လည် လည်ပတ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ် ကြောင်း ရေနံဓာတုကုမ္ပဏီက ပြောကြား သည်။
ကျောင်းပိတ်
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ရေနံချက် စက်ရုံအနီးရှိ စာသင်ကျောင်းသုံးကျောင်းကို ဇန်နဝါရီ ၂၉ ရက်တွင် ပိတ်ထားခဲ့သည်။ စက်ရုံပေါက်ကွဲမှုဖြစ်ပွားမှုကြောင့် လေထု အရည်အသွေးအပေါ် ကြီးမားသော သက် ရောက်မှုမရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ပြောကြားသည်။
မတော်တဆဖြစ်ရပ်များ
အကျယ်အဝန်းဟက်တာ ၄၆ဝ ကျယ်ဝန်း သည့် ရေနံချက်စက်ရုံဝင်းအနီးတွင် လူနေအိမ် ခြေများတည်ရှိပြီး လူဦးရေသိန်းနှင့်ချီ နေထိုင် ကြသည်။ အဆိုပါ ရေနံချက်စက်ရုံကို ၁၉၇ဝ ပြည့်လွန်နှစ်များအတွင်းက စတင်လည်ပတ် ခဲ့ပြီး မတော်တဆဖြစ်ရပ်များ အစီအရီဖြစ်ပွား ခဲ့ဖူးသည်။ ယင်းမတော်တဆ ဖြစ်မှုများ၌ ၁၉၉၇ ခုနှစ် ပေါက်ကွဲမှုနှင့် ၂ဝဝ၃ ခုနှစ် ပေါက်ကွဲမှုတို့ပါဝင်သည်။
ဆင်ဟွာ

No comments:

Post a Comment