Tuesday, January 30, 2018

ဟင်ဒီ၊ ဘင်္ဂါလီနှင့် တမီလ် ဘာသာစကားများ ဘာသာပြန် ဝန်ဆောင်မှု မိုက်ခရိုဆော့ဖ်မြှင့်တင်

Image may contain: outdoor
နယူးဒေလီ ဇန်နဝါရီ ၂၉
ဟင်ဒီ၊ ဘင်္ဂါလီနှင့် တမီလ်ဘာသာစကားများ အား အချိန်နှင့်တစ်ပြေးညီ ဘာသာပြန်ဆိုနိုင် ရေးအတွက် ဥာဏ်ရည်တု နည်းပညာ (အေအိုင်) နှင့် အာရုံခံကိရိယာကွန်ရက်တို့ကို အသုံးပြု၍ နည်းပညာမြှင့်တင်သွားမည်ဖြစ် ကြောင်း အမေရိကန် ကွန်ပျူတာ ဆော့ဖ်ဝဲ ထုတ်လုပ်ရေး ထိပ်တန်းကုမ္ပဏီဖြစ်သော မိုက်ခရိုဆော့ဖ်ကုမ္ပဏီက အိန္ဒိယနိုင်ငံ၏အမျိုးသားနေ့ နှစ်ပတ်လည် အခါသမယတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း ပီတီအိုင်သတင်း ဌာနက ဇန်နဝါရီ ၂၉ ရက်တွင် သတင်း ထုတ်ပြန်သည်။
အာရုံခံကိရိယာကွန်ရက်သည် ဘာသာ စကားများကို ဘာသာပြန်ဆိုရာတွင် ပိုမိုတိကျ စွာ ဘာသာပြန်ဆိုပေးနိုင်ပြီး သဘာဝကျမှု ပိုမိုဖြစ်ပေါ်စေရန်လည်း လုပ်ဆောင်ပေးနိုင် သည်ဆို၏။
အိန္ဒိယနိုင်ငံသည် ဘာသာစကားအမျိုး ပေါင်း စုံလင်သည့် နိုင်ငံဖြစ်သဖြင့် မိမိတို့ ဂုဏ်ယူမိကြောင်း၊ အိန္ဒိယနိုင်ငံ၌ အင်တာနက် ကို ပြည်သူများ ပိုမိုတွေ့ထိခွင့် ရရှိစေလိုကြောင်း၊ မိမိတို့သည် အိန္ဒိယနိုင်ငံသုံး ဘာသာစကားများ အား ကွန်ပျူတာစနစ်အတွင်းသို့ ထည့်သွင်း နိုင်ရန် ဆယ်စုနှစ်နှစ်စုတာမျှ အားပေးလုပ် ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ မကြာသေးမီကာလ အတွင်း အိန္ဒိယနိုင်ငံသုံး ဘာသာစကားများ အတွက် စကားသံအခြေပြု စကားပြန်လုပ်ငန်း နှင့် စက်ကိရိယာအခြေပြု ဘာသာပြန်လုပ်ငန်း တို့ကို နည်းပညာမြှင့်တင်နိုင်ရန် အင်တိုက် အားတိုက် လုပ်ဆောင်ခဲ့ကြောင်း မိုက်ခရိုဆော့ဖ် ကုမ္ပဏီ၏အိန္ဒိယနိုင်ငံဆိုင်ရာ အေအိုင်နှင့် သုတေသနလုပ်ငန်း အထွေထွေမန်နေဂျာ ဆန်ဒါဆရီနာဗာဆန်းက ပြောကြားသည်။
စတင်မိတ်ဆက်
ယနေ့သည် အိန္ဒိယပြည်သူတိုင်းအတွက် သတင်းအချက်အလက်နည်းပညာ အသုံးချ နိုင်ရေးအတွက် စက်ကိရိယာ အခြေပြုလေ့လာ ရေး နည်းပညာဟူသော ခေတ်ရှေ့ပြေးနည်း ပညာကို စတင်မိတ်ဆက်သည့် နေ့ရက်ပင်ဖြစ် ကြောင်း ဆရီနာဗာဆန်းက ပြောကြားသည်။
အိန္ဒိယပြည်သူများသည် အာရုံခံကိရိယာ ကွန်ရက် အသုံးပြုသော ဘာသာစကား ဘာသာပြန်ဆိုရေးဝန်ဆောင်မှု လုပ်ငန်းကို အင်တာနက်မှ တစ်ဆင့် ရယူနိုင်ကြမည်ဖြစ် ကြောင်း၊ စာသား၊ စကားသံတို့ကို ဘာသာ ပြန်ဆိုပေးမည့် မိုက်ခရိုဆော့ဖ်ဘာသာပြန် အက်ပလီကေးရှင်းကို အန်းဒရွိုက် ဖုန်းများ၊ အိုင်ဖုန်း၊ အိုင်ပက်များဖြင့် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ပီတီအိုင်

No comments:

Post a Comment