Saturday, January 27, 2018

တရားမဝင်သယ်ဆောင်လာသော ဆိုင်ကယ်အပိုပစ္စည်းများ သိမ်းဆည်းရမိ

No automatic alt text available.
ရန်ကုန် ဇန်နဝါရီ ၂၆
တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ဆောင်ရွက်မှုများကို ရေပူ အမြဲတမ်းစစ်ဆေးရေး စခန်းနှင့် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေး စခန်းတို့တွင် ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့များက ဆောင်ရွက်လျက်ရှိရာ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ တရားမဝင် သယ်ဆောင်လာမှုကို မရမ်းချောင်စစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့များက ဇန်နဝါရီ ၂၅ ရက်က သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
မရမ်းချောင် စစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့များက ခရီးသည်တင် ယာဉ်တစ်စီးအား တားဆီးစစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဆိုင်ကယ် အပိုပစ္စည်းများ စုစုပေါင်း ခန့်မှန်း တန်ဖိုး ငွေကျပ် ၁ ဒသမ ၉၆ဝ သန်း အား တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများ အား စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက် လျက်ရှိရာ ဇန်နဝါရီ ၂၅ ရက်က မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းက တားဆီးမှု ခြောက်မှု(ခန့်မှန်း တန်ဖိုး ငွေကျပ် ၁ဝ ဒသမ ၅၂ဝ သန်းခန့်)အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၅ ရက်က မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် အစီး ၁၁၂ဝ၊ သွင်းကုန် ၁ဝ၈၇ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၉ စီး၊ သွင်းကုန် ၁၄၇ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
ဝဝ၁

No comments:

Post a Comment