Tuesday, January 2, 2018

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

No automatic alt text available.
နေပြည်တော် ဇန်နဝါရီ ၁
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ၂ဝ၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၉၉၈ စီး၊ သွင်းကုန် ၁ဝ၇၁ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၂၃ စီး၊ သွင်းကုန် ၆၈ စီး ကုန်စည်များ သယ်ယူ ပို့ဆောင်လျက်ရှိသည်။
အဆိုပါစစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၃၁ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ခြောက်မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၉၇ ဒသမ ၃၄ဝ သန်းခန့်)၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေး စခန်းက တားဆီးမှု ငါးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄ ဒသမ ၅၈၈ သန်းခန့်) စုစုပေါင်းတားဆီးမှု ၁၁ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၁ ဒသမ ၉၂၈ သန်းခန့်)ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထူးခြားဖမ်းဆီးမှုအနေဖြင့် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် မန္တလေးမြို့သို့ သွားရောက်မည့်Dong Feng ၂၂ ဘီးယာဉ် နှစ်စီးအား ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သည့် လျှပ်စစ်ပစ္စည်း ၁၇ မျိုးနှင့် ပစ္စည်းသယ်ဆောင်သည့် ယာဉ်နှစ်စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၉ ဒသမ ၄၈သန်းခန့်)ကို စစ်ဆေးတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment