Tuesday, January 2, 2018

ကမ္ဘာ့အရှည်လျားဆုံး ပင်လယ်ကူးတံတား၏ အဓိက တည်ဆောက်ရေးလုပ်ငန်း ပြီးစီး

Image may contain: ocean, sky, outdoor and water

ကွမ်ကျိုး ဇန်နဝါရီ ၁
ကမ္ဘာ့အရှည်လျားဆုံး ပင်လယ်ကူးတံတား တည်ဆောက်မှု၏ အဓိကလုပ်ငန်းမှာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ပြီးဆုံးသွားပြီဖြစ် ကြောင်း၊ ပင်လယ်ကူးတံတားအတွက် မီးထွန်း ညှိရေးစနစ်ကို တပ်ဆင်ခဲ့ပြီး စမ်းသပ်မှုပြုလုပ် ခဲ့ပြီးဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ဇန်နဝါရီ ၁ ရက်တွင် ပြောကြားကြသည်။
ဟောင်ကောင်၊ ကျူဟိုင်းနှင့် မကာအို တို့ကို ဆက်သွယ်ထားသော ပင်လယ်ကူးတံတား မှာ ၅၅ ကီလိုမီတာအရှည်ရှိပြီး ယင်းတံတားကို တည်ဆောက်နိုင်ရန် ပြင်ဆင်မှုကာလ ခြောက် နှစ်၊ တည်ဆောက်မှုကာလ ရှစ်နှစ် အချိန်ယူ ခဲ့ရသည်။
ပင်မတံတားမှာ ၂၂ ဒသမ ၉ ကီလိုမီတာ အရှည်ရှိပြီး ကီလိုမီတာ ၆ ဒသမ ၇ အရှည်ရှိ ဥမင်လမ်းတစ်လမ်းနှင့် ယင်းတံတား၏ ကမ်း လွန်တွင် ကျွန်းတုတစ်ခုတို့ကို တည်ဆောက်ခဲ့ ရကြောင်း၊ကျွန်းစုတည်ဆောက်ရေးမှာ တံတား တစ်စင်းလုံး တည်ဆောက်မှုလုပ်ငန်းတွင် နည်းပညာအရ အရေးအကြီးဆုံး လုပ်ငန်း ကဏ္ဍဖြစ်ကြောင်း အာဏာပိုင်များက ပြော ကြားကြသည်။
အင်ဂျင်နီယာများနှင့် တံတားတည် ဆောက်သူများသည် တံတားတွင် အသုံးပြု သော စနစ်များ၊ ကိရိယာများနှင့်ပတ်သက်၍ ဇန်နဝါရီလအတွင်း စမ်းသပ်မှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း၊ စမ်းသပ်မှုများ ပြီးစီးသည့် အခါ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး မည်ဖြစ်ပြီး ယင်းနောက်တွင် သန့်ရှင်းရေး လုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဟောင်ကောင်-ကျူဟိုင်း-မကာအို တံတား တည်ဆောက်ရေးအာဏာပိုင်အဖွဲ့၏ စီမံ ကိန်းဒါရိုက်တာ ကျန်ရင်ဝန်က ပြောကြား သည်။
ဆင်ဟွာ

No comments:

Post a Comment