Monday, January 29, 2018

စိုက်ပျိုးရေးသိပ္ပံသင်ရိုးညွှန်းတမ်းကို မြန်မာနိုင်ငံနှင့်ကိုက်ညီသည့်ပုံစံရေးဆွဲရန် ဆွေးနွေး

Image may contain: 6 people, people sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၂၈
စိုက်ပျိုးရေးသိပ္ပံကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ နှစ်ပတ်လည်အစီရင်ခံစာနှင့် စီမံကိန်း ဦးဆောင်ကော်မတီအဖွဲ့၏ ပထမအကြိမ် အစည်း အဝေးကို ဇန်နဝါရီ ၂၆ ရက်က နေပြည်တော် ရုံးအမှတ်(၁၅) စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်၊ စီမံကိန်း ရေးဆွဲစိစစ်သုံးသပ်ရေးဌာနခွဲနှင့် စိုက်ပျိုးရေးသိပ္ပံ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် ဌာနမှ တာဝန်ရှိသူများ၊ နယ်သာလန်နိုင်ငံမှ ကျွမ်းကျင် ပညာရှင်များဖြစ်ကြသော Mr. Joep Houterman, Mr. Arie De Jong , Ms. Susanne တို့ တက်ရောက်ဆွေးနွေးကြသည်။
အဆိုပါစီမံကိန်းကို ၂ဝ၁၆ နိုဝင်ဘာမှ ၂ဝ၂ဝ နိုဝင်ဘာအထိ လေးနှစ်ကြာ ဆောင်ရွက် သွားမည်ဖြစ်ပြီး စိုက်ပျိုးရေးသိပ္ပံသင်ရိုးညွှန်းတမ်း များအား ပြင်ဆင်ရန်ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေး သိပ္ပံဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင် ပေးခြင်း၊ ပြည်တွင်း ပြည်ပ ပညာရှင်များဖြင့် ဆွေးနွေးပွဲများနှင့် သင်တန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသိပ္ပံ ကျောင်းများတွင်ICT အတွက် အကောင်အထည် ဖော်ရန် ပြင်ဆင်ခြင်း၊ မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် စိုက်ပျိုးရေးသိပ္ပံ သင်ရိုးညွှန်းတမ်းရေးဆွဲရန်၊ အထူး ပြုဘာသာရပ်များ သတ်မှတ်နိုင်ရန် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
သန်းဦး(လေးမျက်နှာ)

No comments:

Post a Comment