Monday, January 29, 2018

အင်းစိန်မြို့နယ်၌ စာပေစကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

Image may contain: 4 people, indoor
ရန်ကုန် ဇန်နဝါရီ ၂၈
ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ၌ အောင်အေး(ရန်ကုန် တက္ကသိုလ်)၏ ''ဆရာတစ်ယောက် အဖြစ် ခေါင်းဆောင်ခြင်း'' စာအုပ် အား စာပေစကားဝိုင်း ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၈ ရက်တွင် ကျင်းပသည်။
စာပေစကားဝိုင်းတွင် အင်းစိန် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီး အရာရှိ ဒေါ်လှလှဌေးက အဖွင့် မိတ်ဆက်စကား ပြောကြားပြီး ''ဆရာ တစ်ယောက်အဖြစ် ခေါင်းဆောင် ခြင်း'' စာအုပ်ပါ အကြောင်းအရာ အချက်အလက်များအပေါ် စာရေး ဆရာ ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး)၊ စာရေး ဆရာမ တက္ကသိုလ် မြမဉ္ဇူ၊ ဆရာမ ခင်နွဲ့မူ(အင်းစိန်)၊ ဆရာ ရန်မိုးအောင် (အင်းစိန်) တို့က ဆွေးနွေးခဲ့ကြ သည်။
ဆွေးနွေးမှုများအပေါ် စာရေး ဆရာ စိန်ညိုမင်း (ထန်းတပင်)၊ စာရေး ဆရာ သန်းထိုက်ရွှေတို့က ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment