Monday, January 29, 2018

မောင်တောမြို့နယ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆွေးနွေးပို့ချ

Image may contain: 1 person, text
မောင်တော ဇန်နဝါရီ ၂၈
၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် စစ်တွေတက္ကသိုလ် ဆရာ ဆရာမ များ၏ ဘာသာရပ်ဆွေးနွေးပို့ချမှု ဖွင့်ပွဲအခမ်းအနားကို မောင်တောမြို့ ရှိ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း၌ ကျင်းပသည်။
တက္ကသိုလ်ဝင်တန်းအောင်ချက် အနိမ့်ဆုံးဖြစ်နေသည့် ရခိုင်ပြည်နယ် အတွက် အောင်ချက်မြင့်မားလာ စေရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်တွေ တက္ကသိုလ်ရှိ ပါမောက္ခ ဆရာ ဆရာမ များကိုဖိတ်ကြား၍ ကျောင်းသား ကျောင်းသူများအား ဘာသာရပ်ပို့ချ မှုများ လုပ်ပေးရန် လမ်းညွှန်ခဲ့သည့် အတွက် အခမ်းအနားကို ကျင်းပရ ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာက ပြောကြားသည်။
''မောင်တောဒေသကို နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ရောက်လာပြီး ပညာ ရေးအခြေအနေ မေးတဲ့အခါမှာ ရခိုင်ပြည်နယ်ရဲ့ ပညာရေးအခြေ အနေက နိမ့်ကျနေတယ်၊ အထူး သဖြင့် တက္ကသိုလ်ဝင်တန်းအောင် ချက်က အနိမ့်ဆုံးဖြစ်နေတယ်၊ အရင်နှစ်ကဆို တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ ၁၇ ဒသမ ၁၄ ရာခိုင်နှုန်းနဲ့ အနိမ့်ဆုံးရောက်ခဲ့တယ်၊ ဒါကြောင့် လမ်းညွှန်ချက်ကို အကောင် အထည်ဖော်ဖို့ ကျင်းပရခြင်း ဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။
မောင်တောဒေသ ပညာရေး မြင့်မားရေးအတွက် တက္ကသိုလ်ဝင် တန်းအောင်ချက်တင်မက ပညာရေး စနစ်ကို ပြုပြင်ပြောင်းလဲစေရန် အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်း ဖတ်ခြင်းများ၊ လုပ်ငန်းစဉ်များချမှတ် ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ၎င်းကပြောသည်။
''အောင်ချက်မြင့်မားရေးအတွက် နယ်တွေဆင်းပြီး ဆရာ ဆရာမတွေနဲ့ ကျောင်းသားတွေ၊ မိဘတွေနဲ့ တွေ့ဆုံ အားသာချက်၊ အားနည်းချက် တွေကို မေးမြန်းပြီး ဆောင်ရွက်ပေး ရမယ့် အပိုင်းတွေကို ဆွေးနွေးပြီး ဆောင်ရွက်ခဲ့ပါတယ်၊ အခုကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေချိန် လည်း နီးလာတဲ့အတွက် ပို့ချချက် တွေကို အနီးကပ်ပြုလုပ်ခြင်း ဖြစ်ပါ တယ်''ဟု ဒေါက်တာချမ်းသာက ဆက်လက်ပြောကြားသည်။
ထို့နောက် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် စစ်တွေတက္ကသိုလ်မှ ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက ဆရာ ဆရာမ ရှစ်ဦးတို့က မောင်တော မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပို့ချခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဘာသာရပ်ပို့ချမှုကို မောင်တောဒေသတွင် အထူးအနေ ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး စစ်တွေ၊ မင်းပြား၊ မြောက်ဦးမြို့များတွင် လည်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အောင်ရဲသွင်၊
ကိုမင်း၊ဓာတ်ပုံ- အောင်မင်း

No comments:

Post a Comment