Monday, January 29, 2018

ရန်ကုန်လူထု စုပေါင်းစက်ဘီးစီးနင်းသရုပ်ပြပွဲတွင် အားကစားသမား ၄ဝဝ ကျော် ပါဝင်ဆင်နွှဲ

Image may contain: 2 people, bicycle, sky and outdoor
ရန်ကုန် ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် ရန်ကုန် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ရန်ကုန်လူထုစုပေါင်း စက်ဘီးစီးနင်း သရုပ်ပြပွဲကို အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက် နံ့သာကုန်းပန်းခြံ ဘေး၌ စုရပ်သတ်မှတ်၍ ယနေ့နံနက် ၅ နာရီ မိနစ် ၅ဝ က စည်ကားသိုက်မြိုက်စွာ ကျင်းပရာ စက်ဘီးစီးအားကစား သမား ၄ဝဝ ကျော် ပါဝင်စီးနင်းဆင်နွှဲခဲ့ကြောင်း သိရ သည်။
စက်ဘီးစီးအားကစားသမားများအား ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် က သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ပြီး နံ့သာကုန်း ပန်းခြံဘေးမှစတင်၍ လမ်းသစ်လမ်းမကြီးတစ်လျှောက် မင်းကြီးလမ်း(ဗဟိုလမ်း)၊ အောက်မင်္ဂလာဒုံလမ်း၊ ခရေပင် လမ်းခွဲမှ ရန်ကုန်-ပြည်လမ်းအတိုင်း နံ့သာကုန်းပန်းခြံ ဘေးသို့ ပြန်လည်ပန်းဝင် ရောက်ရှိလာကြသည်။
သရုပ်ပြပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကိုကြီး၊ အတွင်းရေးမှူး ဦးကျော်မင်းသန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြ ကြောင်း သိရသည်။
ဥာဏ်ဟိန်း

No comments:

Post a Comment