Monday, January 1, 2018

ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ နှစ်သစ်ကူး သြဝါဒ

Image may contain: 1 person
လူမိုက်ကို ရှောင်ပါလေ၊
လူမိုက် မဖြစ်အောင် နေ၊
ပညာရှိကို ပေါင်းပါလေ၊
ပညာရှိဖြစ်အောင် နေ၊
ပူဇော်ထိုက်သူကို ပူဇော်ပါလေ၊
အပူဇော်ခံထိုက်အောင် နေ၊
နေရာကောင်းမှာ နေပါလေ၊
နေတဲ့နေရာကို ကောင်းပါစေ၊
ရှေးကကုသိုလ် ပြုဖူးပါစေ၊
အခုပြုတိုင်း ကုသိုလ်ဖြစ်ပါစေ၊
မိမိစိတ်ကို ကောင်းပါစေ၊
ယခင်ထက် ယခုစိတ်ပိုကောင်းပါစေ၊
ဗဟုသုတ ရရှိပါစေ၊
ဗဟုသုတ မျှဝေပေးနိုင်စေ၊
တတ်သိပညာ သင်ယူနိုင်ပါစေ၊
တတ်သိပညာ သင်ပေးနိုင်ပါစေ၊
မင်္ဂလာတရားတော်ကို
အသိဉာဏ်တိုး၍ သိနိုင်ကြပါစေ၊
မင်္ဂလာတရားတွေ
မိမိသန္တာန်မှာ
တိုးပွားနိုင်ပါစေ၊
တစ်လောကလုံး
တိုးပွားနိုင်ပါစေ။
ဓမ္မဒူတ အရှင်ဆေကိန္ဒ

No comments:

Post a Comment